ချောမွေ့တောက်ပတဲ့ Glow skin လေးကို ပိုင်ဆိုင်ဖို့ Loreal ရဲ့ Smooth & Glow Grapeseed Scrub

နေ့စဉ်နေ့တိုင်း သွားလာလှုပ်ရှားနေရမှုတွေကြောင့် ပတ်ဝန်းကျင်က ဖုန်မှုန့်သဲမှုန့်တွေနဲ့ မျက်နှာအဆီတွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ ဘတ်တီးရီးယားတွေကြောင့်  မျက်နှာအသားအရေပေါ်မှာပျက်စီးဆုံးရှုံးမှုတွေအပြင် ဝက်ခြံတွေ မကြာခဏဆိုသလို အမြဲကြုံတွေ့နေကြရပါတယ်။ နောက်တခုက ဆိုင်ကို ခဏခဏသွားပြီး အဆိပ်ထုတ်တာ၊ ပေါင်းတင်တာမျိုးတွေကို အချိန်ပေးပြီး မထိန်းသိမ်းမပြုပြင်နိုင်တာကြောင့် ကိုယ့်အသားအရေကို စိတ်တိုင်းမကျ ဖြစ်နေကြပြီဆိုပါတော့။ ဒီလိုမျိုးတွေ ကြုံတွေလာရင်တော့ အကောင်းဆုံးအိမ်တွင်းပြုပြင်နည်းလေး တခုကို ပြောပြပေးမယ်နော်။

ဒီပစ္စည်းလေးကိုတော့ Loreal က ထုတ်လုပ်ထားတာဖြစ်ပြီး မျက်နှာအတွင်းပိုင်းထဲထိ ဝင်ရောက်နေတဲ့ အညစ်ကြေးတွေနဲ့ မိတ်ကပ်အကြွင်းကျန်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်တဲ့ Smooth & Glow Grapeseed Scrub ဆိုတဲ့ ပစ္စည်းလေးဘဲ ဖြစ်ပါတယ်။ သဘာဝပစ္စည်းတွေဖြစ်တဲ့ Grapeseed နဲ့ sugar ကို အဓိကပေါင်းစပ်ထုတ်လုပ်ထားတဲ့အတွက် အသားရေပိုင်ရှင်အမျိုးမျိုး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တစ်ပတ်အတွင်း သိသာတဲ့ result ကို ရရှိပြီး baby skin အနေထားထိ ပြောင်းလဲသွားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အခုနောက်ပိုင်း အရမ်းခေတ်စားလာတဲ့ Glow make up lool မျိုးကိုလည်း ပိုင်ဆိုင်နိုင်မှာ ဖြစ်သလို မိတ်ကပ်မလိမ်းထားတဲ့ အချိန်တွေမှာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေစေမှာပါ။

          

Scrub ဖြစ်တဲ့အတွက်ကြောင့် ဆဲလ်သေတွေကို အမြန်ဆုံးဖယ်ရှားပေးပြီး ဆဲလ်သစ်တွေကို အသစ်တဖန်မွေးဖွားလာစေကာ သိသာတဲ့ result နဲ့အတူ အကောင်ဆုံးပိုင်ဆိုင်နိုင်ဖို့အတွက် လက်တို့လိုက်ပါတယ်နော်။ စျေးနှုန်းအားဖြင့် $12.99 ဆိုတော့ တော်တော်လေးကို အသုံးတည့်နိုင်ပါတယ်နော်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password