အဆီအရမ်းပြန်ပြီး ဝက်ခြံတွေထွက်နေလို့ စိတ်ညစ်နေရင်

တချို့အသားရေပိုင်ရှင်တွေ အဆီပြန်လွန်းလို့ အရမ်းစိတ်ညစ်နေကြရပါတယ်။ အဆီပြန်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေ အရမ်းများလွန်းတာကြောင့်လည်း သေချာဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ သေချာဂရုမစိုက်တာကြောင့် သက်ရောက်နိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အဆီပြန်တဲ့အခါ ပြင်ပမှအညစ်ကြေးများသာမက မိမိလိမ်းထားသော မိတ်ကပ်၏အညစ်ကြေးများနဲ့ Bacteria များပေါက်ဖွားကာ ဝက်ခြံများ အဆက်မပြတ်ထွက်ခြင်း၊ အရေပြားယားယံခြင်းများ စသည့်ဆိုးကျိုးများဖြစ်ပေါ်တတ်သောကြောင့် အထူးဂရုစိုက်သင့်ပါသည်။

ဒီလိုဂရုစိုက်ဖို့ရန်အတွက် Skin care လုပ်ခြင်းကလည်း အဓိကရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ Skin care လုပ်ရန်အတွက် အရည်သွေးကောင်းပြီး ထိရောက်မှုပေးနိုင်တဲ့ Brand ကိုရွေးချယ်ချင်တယ်ဆိုရင်တော့ Loreal Paris ရဲ့ Hydra Fresh Series နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Skin care series လေးကတော့ အဆီပြန်ခြင်းကင်းပြီး ကျန်းမာတဲ့အသားရေကို ပြန်လည်ရရှိစေမှာ ဖြစ်ပါတယ်။ ချွေးပေါက်တွေကျဉ်းစေပြီး အသားရေအတွက် လိုအပ်သောရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်သောကြောင့် စိုပြေဝင်းပတဲ့အသားရေကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

အသုံးပြုပုံကတော့ Skin care ဆိုတဲ့အတိုင်း Anti-Shine Purifying & Refining Creamy Foam, ICY Toner, Aqua Essence All Day Hydration ,Anti-Shine ICY Gel  ဆိုပြီး ၄မျိုးပါဝင်ပါတယ်။ သာမန်လူတွေထက် အဆီပြန်မှုလွန်ကဲတဲ့ သူတွေကတော့  Anti-Shine ICY Gel ကိုသုံးပေးလို့ရပါတယ်။ အဆီအနည်းငယ်သာပြန်ပြီး ပုံမှန်အသားရေပိုင်ရှင်တွေအတွက်ကတော့ Aqua Essence All Day Hydration ကိုသုံးပေးရပါမယ်။ Aqua Essence All Day Hydration နဲ့ Anti-Shine ICY Gel ကို ၂မျိုးလုံးအသုံးပြုပေးစရာမလိုဘဲ မိမိအသားရေအတွက် လိုအပ်ပြီးကိုက်ညီမှုရှိသော ပစ္စည်းတစ်မျိုးကိုသာ အသုံးပြုပေးရန်လိုအပ်ပါသည်။ ကျန် ၂မျိုးကတော့ အသားရေအမျိုးမျိုး အသုံးပြုပေးရန်လိုအပ်ပါတယ်။  ဒီ Hydra Fresh Series လေးရဲ့ အကျိုးသက်ရောက်ပုံကို သိရှိသွားပြီဆိုရင်တော့ အဆီပြန်မှုကင်းဝေးပြီး ကြည်လင်ဝင်းပသော အသားရေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

 

Image Source : https://www.facebook.com/LOrealParisMyanmar/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password