တရုတ်နှစ်သစ်ကူးအမှီ Luna New Year Edition ထုတ်လိုက်တဲ့ Becca ရဲ့ Highlighter

နောက်လ February ဆိုရင် တရုတ်နှစ်ကူးကာလရောက်ပြီဆိုတော့ cosmetic brand တွေကလည်း Luna New Year edition တွေအပြိုင်အဆိုင်ထုတ်လာကြပါပြီ။ ဒီ Luna New Year edition တွေထဲကမှ အခုဖော်ပြပေးမယ့် item လေးကတော့ Becca ရဲ့ Highlighter ပဲဖြစ်ပါတယ်။

Becca ရဲ့အရောင်းရဆုံး item တွေထဲကတစ်ခုဖြစ်တဲ့ ဒီ Shimmering Skin Perfector Pressed Highlighter လေးကို Lunar New Year Edition အနေနဲ့ highlighter ပေါ်မှာ ချစ်စရာဝက်ရုပ်လေးနဲ့ထုတ်လိုက်တာဖြစ်လို့ နဂိုထဲက ဒီ highlighter ကိုသဘောကျတဲ့ Becca ပရိသတ်တွေအတွက်တော့ နှစ်သစ်ကူးအမှီ အဆင်သင့်ပါပဲ။ ဘူးအခွံလေးကလည်း ရွှေရောင်လေးဖြစ်လို့ နှစ်သစ်အချိန်နဲ့တော့ အရမ်းကိုလိုက်ဖက်နေမှာပါ။

ဒီ Shimmering Skin Perfector Pressed Highlighter လေးကို အခုမှစသုံးကြည့်မယ့်သူတွေအတွက်ပြောပြရမယ်ဆိုရင်တော့ အရည်အသွေးကောင်း luminescent ပုလဲတွေပါဝင်တာကြောင့် အလင်းပြန်တာအရမ်းလှပြီး high impact glow ကိုပေးနိုင်တာပဲဖြစ်ပါတယ်။ အသားအရေပေါ်မှာ သူ့အလိုလို adjust လုပ်ပေးနိုင်တဲ့ mineral powder တွေနဲ့ liquid blending formula ကြောင့် လိမ်းလိုက်တာနဲ့ အသားနဲ့တစ်သားတည်းဖြစ်ပြီး နူးညံ့ချောမွေ့တဲ့ silky finish ကိုလည်းပေးနိုင်ပါတယ်။ အရောင်ကလည်း ပန်းနုရောင်လေးဖြစ်လို့ ဘယ်အသားအရေနဲ့မဆိုလိုက်ဖက်ပြီး သဘာဝဆန်ဆန်လေးလှနေစေတာကြောင့် လူကြိုက်အရမ်းများတာပဲဖြစ်ပါတယ်။

ဘယ်လိုလိမ်းရမလည်းဆိုတာကိုလည်း ပြောပြချင်ပါသေးတယ်။ Bronzer ပေါ်မှာထပ်ပြီးတော့လိမ်းမယ်ဆိုရင်တော့ ကမ်းခြေကပြန်လာတဲ့ အသားအရေလို sunkissed glow လေးရနေစေမှာဖြစ်ပါတယ်။ မျက်နှာတစ်ဝိုက် highlight လုပ်သင့်တဲ့နေရာတွေဖြစ်တဲ့ နှာခေါင်းရိုး၊ ပါးရိုးနဲ့ မျက်ခုံးရိုးတို့တစ်ဝိုက်မှာလိမ်းနိုင်တဲ့အပြင် eyeshadow အနေနဲ့ပါ သုံးလို့ရသေးတာကြောင့် အရမ်းကိုအသုံးဝင်တဲ့ highlighter လေးဖြစ်လို့ ဖော်ပြလိုရပါတယ်နော်။

image references : www.beccacosmetics.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password