Lush ရဲ့ Valentine Day’s Collection လေးနဲ့ ရေချိုးသန့်စင်ကြမယ်…..

ပျိုမေတို့ရေ ဗယ်လင်တိုင်းဒေးနီးလာပြီဆိုတော့ ဗယ်လင်တိုင်းဒေးအတွက် Lush အမှတ်တံဆိပ်ကနေ ထုတ်လုပ်ထားတဲ့ Valentine Day’s Collection လေးတွေ ပြောပြပေးပါမယ်နော်။ Lush ရဲ့ ဒီ Valentine Day’s Collection လေးတွေအားလုံးကို လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းများ အသုံးပြုပြီးတော့ Hand-made လေးတွေ ဖြစ်ကြပါတယ်။ ဒီ Collection ထဲက အချို့ကို ရွေးထုတ်ပြောပြလိုက်ပါတယ်။

၁။ Love Boat

ပန်းရောင်နဲ့ အပြာရောင် ရောစပ်ဖန်တီးထားတဲ့ မော်တော်ဘုတ်ပုံစံ ထုတ်လုပ်ထားတဲ့ Love Boat အချစ်လှေငယ် ကလေးပဲ ဖြစ်ပါတယ်။ ရေချိုးချိန် ကန်ထဲမှာ ဒီ Love Boat လေးကို ထည့်ထားရင် ရေဟာ ချစ်စရာကောင်းတဲ့ အရောင်လေးများအဖြစ် ပြောင်းလဲသွားစေမှာဖြစ်ပြီး မွှေးပျံ့လတ်ဆတ်တဲ့ ရနံ့ကို ခံစားရရှိစေပါတယ်။ သံပုရာလိမ္မော်ရနံ့လေးကြောင့် ရေချိုးနေချိန်မှာရော ရေချိုးပြီးသွားချိန်မှာပါ စိတ်ကို ကြည်လင်လတ်ဆတ်ခြင်းကို ပေးစွမ်းမှာပဲ ဖြစ်ပါတယ်။

၂။ Heart of Enlightened Expectation

လိမ္မော်ရောင်အောက်ခံသုံးပြီး အပေါ်မှာ အဖြူရောင်လေးခံထားတဲ့ အသဲပုံစံ ဒိုးနတ်ပုံစံလေးဖြစ်ပါတယ်။ ရေချိုးချိန် ရေချိုးကန်ထဲကို ထည့်ပေးထားရင် ချစ်စရာကောင်းတဲ့ ရေမြုပ်လေးတွေ ဖြစ်ပေါ်စေပြီး လတ်ဆတ်မှုကို ခံစားရရှိစေမှာပါ။ Organic Cocoa Butter က အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး နူးညံ့ချောမွေ့စေပါတယ်။ နှင်းဆီနဲ့ စံပယ်ပေါင်းစပ်ထားတဲ့ ရင်ခုန်ကြည်နူးဖွယ် မွှေးရနံ့ကိုလည်း ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။

၃။ Whole Lotta Love

သူကတော့ အနီရောင်အသဲပုံလေးကို နှစ်ခြမ်းခွဲပြီး အလယ်ခေါင်မှာ အစာသွပ်ထားတဲ့ပုံစံမျိုးလေးပါ။ ရေချိုးရာမှာ သင်းပျံ့တဲ့ မွှေးရနံ့နဲ့အတူ အနီရောင် ရေမြုပ်လေးတွေ များစွာကို ဖန်တီးထုတ်လုပ်ပေးနိုင်ပါတယ်။ Lemongrass နဲ့ Bergamot oil တို့က ချိုမြိန်နူးညံ့နှစ်သက်ဖွယ် ပန်းသီးရနံ့လေးကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ Organic Cocoa Butter က အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး နူးညံ့ချောမွေ့စေပါတယ်။

၄။ Cherryish

သူကတော့ ချောကလက်ရောင် အသဲပုံလေးပေါ်မှာ ချယ်ရီသီးလေးတွေ တင်ထားတဲ့ ပုံစံနဲ့ ထုတ်ထားတဲ့ Shower Scrub လေး ဖြစ်ပါတယ်။ ရေချိုးချိန်မှာ ဒီ Scrub လေး အသုံးပြုပြီး ပွတ်တိုက်ဆေးကြောပေးပြီး ခြောက်သွေ့မွဲခြောက်ခြင်းကို ငြင်သာစွာ ဖယ်ရှားပေးနိုင်ပါတယ်။ အသားအရေကို နူးညံ့ချောမွေ့စေပြီး Vegan ချောကလက်အဖြူ၊ ကိုကိုးနဲ့ ချယ်ရီးသီးခြောက်တို့က သင့်ကို တစ်ညတာလုံး မွှေးရနံ့သင်းပျံ့နေစေမှာပါ။

၅။ Tunnel of Love

သူကတော့ ပန်းရောင်အောက်ခံ လှိုဏ်ခေါင်းပေါ်မှာ အဖြူရောင်အသဲပုံ ပုံဖော်ထားတဲ့ ပုံစံ ဆပ်ပြာပဲ ဖြစ်ပါတယ်။ Organic Coco Butter, Coconut Oil နဲ့ Vegetarian Glycerin တို့က အသားအရေကို နူးညံ့ချောမွေ့စေပြီး လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးပါတယ်။ Rosewater, orange oil နဲ့ lime oil တို့ရဲ့ ပေါင်းစပ်ထားတဲ့ ချိုမြိန်မွှေးပျံ့တဲ့ ရေမွှေးရနံ့ကို ပေးစွမ်းပါတယ်။

Image Source – https://www.lushusa.com/

https://www.instagram.com/lushcosmetics/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password