ချစ်သူလေး သဘောကျမှာသေချာနေတဲ့ LUSH ရဲ့ Valentine’s Day Gift

Lush ကိုတော့ အားလုံးသိပြီးသားပါနော်။ အရည်အသွေးမြင့်မားတဲ့ Organic shower gel၊ မျက်နှာသစ်ဆေး၊ Bath Bomb၊ ခေါင်းလျှာ်ရည် စတဲ့ ဆပ်ပြာထုတ်ကုန်တွေကို နိုင်ငံတကာမှာ ဆိုင်ခွဲတွေနဲ့ ရောင်းချပေးပါတယ်။ ချစ်သူများနေ့ နီးလာပြီဖြစ်တာမို့ make up နဲ့ cosmetic ကုမ္မဏီတွေ အပြိုင်အဆိုင် Valentine’s Day အထူးအစီအစဉ်တွေကလည်း ပြုလုပ်လာပါပြီ။ အထူးသဖြင့် Valentine’s Day အတွက် limit edition တွေ ထုတ်လုပ်ရောင်းချလာတာပါ။

အရင်တုန်းက ဖေဖော်ဝါရီ ၁၄ ရက်ကတော့ ချောကလက်တွေ၊ နှင်းဆီပန်းတွေနဲ့ အရုပ်တွေ အပြိုင်အဆိုင် ပေးကြတာပေါ့နော်။ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတဲ့အခါ ယနေ့အချိန်မှာတော့ cosmetic ပစ္စည်းတွေ ချစ်သူတွေကြား လက်ဆောင်ပေးတာ သဘောကျလာကြပါတယ်။ Lush ကနေ Valentine’s Day အတွက် အထူးစီစဉ်ထားတဲ့ limit edition တွေ ဈေးကွက်ထဲမှာ ဖြန့်ချီနေပါပြီ။ နိုင်ငံတကာမှာ လူကြိုက်များနေတာကတော့ Valentine’s Day အတွက် သီးသန့်ထုတ်ထားတဲ့ ချစ်စရာ Bath Bomb သေးသေးလေးတွေပါပဲ။ Lush ရဲ့ Bath Bomb တွေဟာ နာမည်ကျော်ကြားတာကြောင့် တကူးတက မိတ်ဆက်ပေးစရာတော့ လိုမယ်မထင်ပါဘူး။

မက်မွန်သီး၊ ခရမ်းသီး၊ ချိုချဉ်၊ ငှက်ပျောသီး၊ စတော်ဘယ်ရီ စတဲ့ အသီးအနှံပုံစံလေးတွေအပြင် Lush ရဲ့ မူရင်းပုံစံဖြစ်တဲ့ ဗူးလေးတွေနဲ့လည်း ထုတ်လုပ်ထားပါတယ်။ တစ်ခုခြင်းလည်းရောင်းချသလို ပစ္စည်းအစုံပါဝင်တဲ့ ဗူးလေးတွေလည်း ရှိပါတယ်။

Bath Bomb အပြင် Bubble Bar, Lip Scrub, Naked Shower Gel, Reusable Bubble Bar, Shower Gel, Soap, Shower Scrub, Wrapped Gift, Body Conditioner, Reusable Bubble Bar, Wrapped Gift, Naked Shower Gel, Shower Gel, Reusable Bubble Bar, Mouthwash Tab နဲ့ Knot-Wrap တို့ကိုပါ Valentine’s Day ရဲ့ limit edition အနေနဲ့ ရောင်းချတာတွေ့ရပါတယ်။

LUSH ရဲ့ Valentine’s Day ကို အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဒီ link လေး မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်နော်။

Ref and Photo: https://www.lushusa.com/valentines-day/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password