ပါးလေးကို မို့မို့လေးနဲ့ သဘာဝဆန်စေမယ့် MAKE Bronzing Bricks

မိတ်ကပ်ပြင်ဆင်တဲ့အချိန်မှာ ပြီးပြည့်စုံတဲ့ ပြင်ဆင်မှု ဖြစ်ဖို့ကတော့ အရေးကြီးပါတယ်။ မိတ်ကပ်တော့ လိမ်းပါတယ် ပြင်ဆင်တဲ့အချိန် လိုအပ်တဲ့အရာတွေမှာ တဝက်ပဲ ပြင်မိတာမျိုး ဆိုရင်တော့ မပြင်ဘဲ နေတာထက် ပိုပြီး ကြည့်ရဆိုးနေစေမှာပါ။ အောက်ခံမိတ်ကပ်ကို ညက်နေအောင် လိမ်းခြယ်ပေးရသလို၊ နှုတ်ခမ်းလေးတွေကိုလည်း နှင်းဆီဖူးလေးလို ပြင်ဆင်ပေးရမှာဖြစ်သလို ပါးမို့မို့လေး အလှကိုလည်း ချန်လှပ်ထားလို့ မရပါဘူးနော်။ ပျိုမေတို့ရဲ့ ပန်းရောင်သန်းနေမယ့် အလှတရားကို သိသာစေမယ့် အရာလေး တစ်ခုနဲ့ Cosmetic Myanmar က မိတ်ဆက်ပေးချင်ပါတယ်။ အဲ့တာကတော့ ပါးလေးကို မို့မို့လေးနဲ့ သဘာဝ ဆန်စေမယ့် MAKE Bronzing Bricks ပဲ ဖြစ်ပါတယ်။

ပုံမှန် Bronzing တွေနဲ့ သိသိသာသာ ကွဲထွက်နေတာကတော့ Matte type ဖြစ်နေတာကြောင့်ပါ။ လိမ်းလိုက်တဲ့အချိန်မှာ အသားအရေအပေါ်မှာ သပ်သပ်ကြီး ဖြစ်နေတာမျိုး မဖြစ်ဘဲ အသားအရေနဲ့ တသားတည်း ကျသွားတဲ့ပုံစံမျိုး ဖြစ်နေစေတဲ့အတွက် သဘာဝ ဆန်တဲ့အလှမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ထုတ်လုပ်ထားတဲ့နေရာမှာလည်း ဗီတာမင်စီနဲ့ အီကို အသားပေး ထည့်သွင်းထားတာ ဖြစ်တာကြောင့် မျက်နှာ အသားအရေကို မပျက်စီးစေတဲ့အပြင် အပေါ်ယံ အသားအရေလေးကို ပိုမို ကောင်းမွန်စေနိုင်သလို လိမ်းတဲ့အချိန်မှာ အလွယ်တကူပဲ အသားအရေနဲ့ ထပ်တူကျသွားစေနိုင်ပါတယ်။

ရွေးချယ်စရာ အရောင် အနေနဲ့ကတော့ အရောင် (၃) ရောင် ထုတ်လုပ်ထားပါတယ်။ မိမိ အသားအရေနဲ့ လိုက်ဖက်တဲ့အရောင်ကို ရွေးချယ် အသုံးပြုလို့ရသလို ဆောင်းရာသီမှာ အရောင်လင်းတာလေးကို အသုံးပြုပေးပြီး နွေရာသီ နေရောင်ခြယ်ထဲ ထွက်တဲ့အချိန် မျက်နှာ အလှကို ပေါ်လွင်အောင် အရောင်ရင့်တာလေး ဆိုပြီးလည်း ရွေးချယ် အသုံးပြုပေးလို့ ရပါတယ်။

ဈေးနှုန်းအားဖြင့်တော့ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ (၃၀) လောက် ရှိပါတယ်။ ပါးမို့မို့လေး အလှကို အထင်းရှားဆုံး ဖြစ်ပေါ်စေနိုင်မယ့် အလှတရားကို ရယူဖို့အတွက် ဆိုရင်တော့ ပြောပလောက်တဲ့ဈေးနှုန်းလို့ မဆိုနိုင်ပါဘူး ။ စိတ်ချရတဲ့အရည်အသွေးမျိုးနဲ့ မျက်နှာမှာ ရှိတဲ့အလှအပတွေကို အကောင်းဆုံး ပုံဖော်ပေးနိုင်မှာ သေချာတဲ့ Brongzer လေးမို့ ပျိုမေတို့ စိတ်ချလက်ချ ရွေးချယ်လိုက်လို့ ရအောင်လို့ ပြောပြပေးလိုက်ရပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password