အင်တာဗျူးသွားမယ့်နေ့မှာ မိတ်ကပ်ကို ဘယ်လိုလိမ်းကြမလဲ

သာမန်နေ့တွေမှာတော့ မိတ်ကပ်ကို ဘယ်လိုလိမ်းလိမ်းပြဿနာမရှိပါဘူး။ အဲ…အင်တာဗျူးသွားမယ့်နေ့မှာတော့ ဖြစ်သလို လိမ်းလို့မရဘူးနော်။ ဘယ်လောက်ပဲအရည်အချင်းပြည့်နေပါစေ အဝတ်အစားနဲ့ မိတ်ကပ် က မကောင်းဘူးဆိုရင် ဂွမ်းသွားနိုင်တယ်နော်။
မိတ်ကပ်က ပျိုမေတို့ကို ယုံကြည့်မှုရှိစေပါတယ်။ အသွင်အပြင် လက္ခဏာကိုလည်း မြင့်တင်ပေးပါတယ်။

ကဲ..အင်တာဗျူးသွားတဲ့နေ့မှာ မိတ်ကပ်ကို ဘယ်လိုလိမ်းရမယ်ဆိုတာနဲ့ ရှောင်ရန်လေးတွေကိုပြောပြပေးမယ်နော်။သာမန်နေ့တွေမှာတော့ ပျိုမေတို့ဘယ်လိုပဲ လိမ်းခြယ်လိမ်းခြယ် ပြဿနာမရှိပါဘူး။အင်တာဗျူးသွားဖြေတော့မယ်ဆိုရင်တော့ သဘာဝကျတဲ့ မိတ်ကပ်ပုံစံကို လိမ်းခြယ်သွားဖို့လိုပါတယ်။မိတ်ကပ်ထူထူတွေက အင်တာဗျူးသွားဖြေတဲ့အခါ ပျိုမေတို့ကို အမှတ်လျော့စေနိုင်တာကို သတိထားပါ။အရမ်းပူတဲ့ အချိန်မှာ အင်တာဗျူးသွားဖြေရတယ်ဆိုရင်တော့ အဆီစုပ်စက္ကူကို ဆောင်ထားဖို့
တိုက်တွန်းလိုက်ပါတယ်။ အင်တာဗျူးခန်းမှာ မိတ်ကပ်အဆီပြန်တာတွေ မရှိရလေအောင်အဆီစုပ်စက္ကူကို ဆောင်ထားပါ။
သဘာဝကျတဲ့ ဘယ်မိတ်ကပ်ပုံစံမဆိုရနိုင်ပေမယ့်လည်း လိမ်းတဲ့အခါ အလင်းဖက်ကိုရောက်တဲ့ပုံစံကိုလိမ်းပေးပါ။ သဘာဝကျတဲ့ မိတ်ကပ်ပုံစံကိုရနိုင်ဖို့အတွက် foundation မသုံးခင်မှာ concealerကိုမဖြစ်မနေ အသုံးပြုပေးပါ။ ပြောင်ပြောင်လက်လက်တွေ မဖြစ်စေဖို့အတွက် shimmery ပါတဲ့မိတ်ကပ်ပစ္စည်းတွေကို မသုံးမိဖို့ သတိထားပါ။


သာမန်လိမ်းခြယ်တာထက် ပိုပြီး ထူထူထဲထဲ လိမ်းတာကို ရှောင်ရှားပါ။ အင်တာဗျူးတဲ့အချိန်မှာချွေးပြန်နိုင်ပါတယ်။ မိတ်ကပ်ထူထူတွေက ချွေးနဲ့ပေါင်းထားပြီး သရုပ်ပျက်တာတွေ ဖြစ်သွားစေပါတယ်။အင်တာဗျူးတဲ့အခါ ဘာတွေကို ရှောင်ရှားရမှာလဲဆိုတော့

• Eyeliner ထူထူဆိုးတာကို ရှောင်ပါ။

• Eye shadow ခြယ်တဲ့အခါ တောက်တဲ့ အရောင်တွေကို ရှောင်ပါ။

• Foundation ထူထူလိမ်းတာကို ရှောင်ရှားပါ။

 

• နှုတ်ခမ်းနီထူထူဆိုးတာကို ရှောင်ရှားပါ။

• လည်သည်းနီအရောင်တောက်တောက်တွေကို မဆိုးပါနဲ့။

• ဝင်းလက်တဲ့ အရာတွေကို ရှောင်ရှားပါ။

နှုတ်ခမ်းနီ

• အရောင်ရင့်ရင့် နှုတ်ခမ်းနီ ဒါမှမဟုတ် mate ဖြစ်တဲ့ နှုတ်ခမ်းနီကိုပါးပါးလေးဆိုးပေးလို့ရပါတယ်။

• Lipstick အရည်ကို ဆိုးမယ်ဆိုရင်တော့ နုတဲ့ဘက်ကို ဦးစားပေးပါ။

ဆံပင်

 

ဆံပင်ကို မျက်နှာပုံစံနဲ့ လိုက်ဖက်အောင် ပြုပြင်ပေးပါ။ ဆံပင်ချထားတာထက် စည်းထားလေးက ပိုပြီးအဆင်ပြေစေပါတယ်။

ပျိုမေတို့ရေ သဘာဝဆန်တဲ့ မိတ်ကပ်ပုံစံလေးတွေက အင်တာဗျူးနဲ့ အသင့်တော်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် အရောင်ရင့်ရင့်တွေ၊ တောက်တောက်တွေနဲ့ မဲနက်တာတွေကို အင်တာဗျူးသွားတဲ့အခါရှောင်ရှားပေးဖို့ ပြောပြပေးလိုက်တယ်နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password