Ultra HD Liquid Foundation လေးသုံးပြီး အပြစ်အနာအဆာကင်းတဲ့မျက်နှာလေး ဖန်တီးကြရအောင်

ပျိုမေတို့ရေ နှုတ်ခမ်းနီတွေ၊ Eyeshadow တွေ၊ blusher စတဲ့ အလှပြင်ပစ္စည်းတွေ ဘယ်လောက်ပဲကောင်းကောင်း Foundation မကောင်းရင် လှပတဲ့မျက်နှာအပြင်အဆင်ကို ရနိုင်မှာမဟုတ်ဘူးဆိုတာ ပျိုမေတို့လည်းအသိပဲ ဖြစ်မှာပါနော်။ ဒါကြောင့် Foundation ကောင်းတစ်ခု မဖြစ်မနေ အသုံးပြုပေးဖို့တော့လိုအပ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ Make Up For Ever အမှတ်တံဆိပ်ကနေ ထုတ်လုပ်ထားတဲ့ Ultra HD Liquid Foundation လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။

ဒီ Make Up For Ever ရဲ့ Ultra HD Liquid Foundation လေးကို ချစ်စရာကောင်းတဲ့ ပုလင်းငယ်လေးများနဲ့ ထုတ်လုပ်ထားပြီး အထဲမှာပါဝင်တဲ့ Liquid Foundation လေးကို tube နဲ့ ညှစ်ပြီးအသုံးပြုရတာဖြစ်ပါတယ်။ အမျိုးအစားကတော့ Liquid type ဖြစ်ပြီး Coverage အနေနဲ့ကတော့ Medium Coverage ဖြစ်ပါတယ်။

ဒီ Liquid Foundation ကို Lightweight formula နဲ့ထုတ်လုပ်ထားတာဖြစ်လို့ လိမ်းထားရင် တခြား foundation များလို မျက်နှာထက်မှာ ထူအမ်းအမ်းကြီးမခံစားရစေဘဲ ပေါ့ပေါ့ပါးပါးနဲ့ လိမ်းထားမှန်းမသိသာစေတဲ့ အကျိုးကျေးဇူးကို ခံစားရနိုင်တာကတော့ သူ့ရဲ့အားသာချက်ပဲဖြစ်ပါတယ်။ Shade အမျိုးအစားပေါင်း အမျိုး၄ဝလည်းထုတ်လုပ်ထားတာဖြစ်လို့ ပျိုမေတို့ရဲ့အသားအရေအရောင်နဲ့ လိုက်ဖက်တဲ့ Shade ကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

အသုံးပြုပေးရမယ့်ပုံစံများကတော့ Foundation ပိုမိုကြာရှည်ခံစေအောင်နဲ့ ပိုမိုချောမွေ့စေအောင် အရင်ဆုံး primer ကို လိမ်းခြယ်ပေးပါ။ Ultra HD Liquid Foundation ကို၂ချက်လောက်ညှစ်ထုတ်ပြီး မျက်နှာရဲ့အလယ်ဗဟိုကနေ အပြင်ဘက်ကိုဆွဲပြီး လိမ်းခြယ်ပေးနိုင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ Coverage ရလဒ်ကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Brush သို့မဟုတ် Sponge ကို အသုံးပြုပြီး လိမ်းခြယ်နိုင်ပါတယ်။

 

 

Image Source – https://www.makeupforever.com/us/en-us

https://www.instagram.com/makeupforeverus/

https://www.facebook.com/makeupforever/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password