မြင်နေကြ နှုတ်ခမ်းနီတွေကနေကွဲထွက်နေတဲ့ Mamonde ရဲ့ Creamy Tint Squeeze Lip

Liptint တွေဆိုးရတာကြိုက်ပေမယ့် Lipstick လောက်အရောင်ထွက်မလှတာမျိုးကြုံဖူးတဲ့ ပျိုတို့အတွက် ဒီ Tint အဆန်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီ tint ရဲ့နာမည်ကတော့ Mamonde Creamy Tint Squeeze Lip ပါ။

နာမည်လေးအတိုင်းပါပဲ၊ ဒီ tint လေးက ဘူးလေးကိုညှစ်ပြီးဆိုးရတဲ့ type ဖြစ်တာကြောင့် ခါတိုင်းထပ်ဆန်းနေတာတော့အမှန်ပါ။ Lipstick ကိုမှ liquid type လိုပြုလုပ်ထားတာဖြစ်လို့ ဆိုးရလွယ်ကူပြီး ထိပ်ဖူးလေးက နှုတ်ခမ်းပေါ်မှာ glide လုပ်လို့ရတာမို့လို့ တစ်ခါတည်းနဲ့နှုတ်ခမ်းတစ်ခုလုံးကို ညီညီညာညာဖြန့်ဆိုးပေးဖို့လည်း လွယ်ပါတယ်။ UHD Color pigments တွေကိုသုံးထားတာကြောင့် အရောင်ထွက်ရော အရောင်ဆွဲအားပါ တစ်ခြား tint တွေထပ်ကောင်းတာကိုတွေ့ရမှာပါ။


ဒီ tint မှာ နှုတ်ခမ်းသားကိုရွှန်းစိုစေတဲ့ Rose Water လည်းပါတာကြောင့် နှုတ်ခမ်းလေးကို ဖူးဖူးစိုစိုလေးဖြစ်နေစေပါတယ်။ အရောင်ထွက်ကလည်း ကောင်းလို့ tint လို gradiation ပုံပဲဆိုးဆိုး၊ full lip ပဲဆိုးဆိုး လှတာကြောင့် ပျိုတို့ရဲ့ liptint collection ထဲမှာရှိသင့်နေပါပြီနော်။

အရောင်ကတော့ ၁၀မျိုးထုတ်လုပ်ထားပါတယ်။ ဒီ အရောင် ၁၀မျိုးကတော့

၁။ အနီရင့်ရင့် Let’s Red
၂။ ပန်းဆီရောင်အရင့် Rose Blossom
၃။ လိမ္မော်ဘက်သွားတဲ့အနီရောင် Chic Red
၄။ Coral ဆန်တဲ့ Orange Play
၅။ လိမ္မော်ရောင် Sunny Orange
၆။ ပန်းရောင်ရင့်ရင့် Diva Pink
၇။ ပန်းရောင်နဲ့ nude color ကြားက Better than Coral
၈။ ပန်းနုရောင် Girly Rose
၉။ Nude Color ဖျော့ဖျော့ Velvet Red နဲ့
၁၀။ အညိုဘက်သွားတဲ့ Retro Red တို့ပဲဖြစ်ပါတယ်။

အခု ဆောင်းရာသီအတွက် Autumn Rose နဲ့ Iconic Rose ဆိုပြီးနှစ်ရောင်ထပ်ထုတ်ထားပြီးတော့ နှစ်ရောင်စလုံးကလည်း MLBB (My Lips But Better) ဆိုတဲ့ သဘာဝဆန်တဲ့အရောင်တွေဖြစ်လို့ ခုလိုရာသီနဲ့ ကွက်တိဖြစ်နေတာကြောင့် ပျိုတို့အတွက်ဖော်ပြပေးလိုက်ရပါတယ်။

 

references : www.mamonde.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password