Mamondeရဲ့ မျက်လှည့်ပြသလို ဖန်တီးနိုင်မယ့် Pang Pang Hair Shadow

နဖူးကျယ်တဲ့ ပျိုလေးတွေအနေနဲ့ ကိုယ့်ကိုခင်တဲ့သူငယ်ချင်းတွေက မဟာနဖူးလို့ ချစ်စနိုးနဲ့စတာကြုံရဖူးမှာပါ။ ဒီလို M ပုံစံမဟာနဖူးပိုင်ရှင်လေးတွေအနေနဲ့ တစ်ခါတစ်လေမှာတော့ ဆံပင်ကိုအပြောင်သိမ်းပြီးစည်းဖို့လိုလာတဲ့အခါမှာ နဂိုရှိရင်းစွဲမျက်နှာထက် ကျယ်တယ်လို့ထင်ရစေနိုင်တာမို့ စိတ်အနှောင့်အယှက်ဖြစ်ကောင်းဖြစ်ရမှာပါ။ ဒီလို အချိန်မျိုးမှာ မျက်လှည့်ပြလိုက်သလို အစွမ်းပြပေးမှာကတော့ အခုမိတ်ဆက်ပေးမယ့် Mamonde ရဲ့ Pang Pang Hair Shadow လေးပဲဖြစ်တာမို့လို့ ဆက်ပြီးဖတ်ကြည့်လိုက်ရအောင်လားနော်။

ဒီ Pang Pang Hairshadow လေးမှာ babyface hair, light brownနဲ့ reddish brown ဆိုပြီး shade 3 ခုရှိပါတယ်။ ဒါကြောင့်ပျိုလေးတို့အနေနဲ့ ကိုယ့်ဆံပင်အရောင်နဲ့ အနီးစပ်ဆုံးဖြစ်မယ့် shade လေးကို ရွေးပြီး အသုံးပြုနိုင်တာကြောင့်အဆင်ပြေစေပါတယ်။ ဘူးလေးကလည်း ဖွင့်ရလွယ်ကူပြီး အလွယ်တကူသယ်သွားလို့ရတဲ့ ဆိုဒ်လေးမို့ ချစ်စရာလည်းကောင်း နေရာယူလည်းသက်သာတာမို့ အတိုင်းထက်အလွန်ပါ။ ဘူးလေးရဲ့ အောက်ဘက်မှာpuffလုံးလုံးလေးပါဝင်ပြီးတော့ ဘူးအပေါ်ဖုံးလေးထဲမှာတော့ shadowကွက်လေးပါဝင်တာပါ။

 

ဒီ Pang Pang Hair Shadow လေးကိုဘယ်လို သုံးရမလဲဆိုတော့ puff လေးနဲ့ ကိုယ့်နားထင်နဲ့နဖူးက hairlineမှာ ကိုယ်လိုချင်တဲ့နေရာလေးတွေကို လိုက်ဖြည့်ရုံပါပဲ။ ဒီလို လိုက်ဖြည့်လိုက်မယ်ဆိုရင် M ပုံစံ မဟာနဖူးလေးကနေ သွယ်သွယ်လျလျ U ပုံစံ နဖူးလေးကို တစ်ခဏအတွင်းမျက်လှည့်ပြလိုက်သလို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ Mamondeတံဆိပ်ဖြစ်တာကြောင့် အရည်အသွေးရော အရောင်ထွက်အားရော အထူးကောင်းမွန်တာကိုလည်းတွေ့ရပြီး ပင်ကိုယ်ဆံပင်နဲ့မခြား blendလုပ်နိုင်တာကိုလည်းတွေ့ရလို့ ပျိုလေးတို့အနေနဲ့ U ပုံစံ နဖူးလေးကို မျက်လှည့်ပြလိုက်သလို ပိုင်ဆိုင်နိုင်ဖို့ ဒီ Mamonde Pang Pang hair shadow လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်နော်။

 

 

 

 

References : beautyandthecat.com

Photo references : www.mamonde.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password