ညဘက်အနားယူတဲ့ အချိန်လေးမှာ Ma’suri ရဲ့ Face Mask လေးကို သုံးလိုက်ကြရအောင်……

နေ့စဉ်နေ့တိုင်း မိတ်ကပ်တွေလိမ်းလိုက် အပြင်သွားလိုက် ရုံးသွားလိုက် ကျောင်းသွားလိုက်နဲ့ မျက်နှာအသားရေ နူးနူးညံ့ညံ့လေးကို အားနာသင့်ပါတယ်နော်။ ဒီတော့ အလုပ်တွေအားလုံးပြီးလို့ ညဘက်အနားယူချိန်လေးမှာ အချိန်သီးသန့်ပေးစရာမလိုပဲ အင်တာနက်လေးသုံးရင်း မျက်နှာလေးကို Face Mask လေးနဲ့ ပေါင်းတင်ပေးလိုက်ကြရအောင်လေ။

ခုမိတ်ဆက်ပေးချင်တဲ့ Face Mask လေးကတော့ Ma’suri  ရဲ့ Ginseng Mask လေးပဲဖြစ်ပါတယ်။ ဂျင်စင်းဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပါဘဲ အဖိုးတန်ပြီး နေရာတိုင်းမှာ မရှိနိုင်တဲ့ ရှားပါးတဲ့ ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဂျင်စင်းကို များသောအားဖြင့် မြောက်အမေရိကနဲ့ အာရှတိုက်ရဲ့ အရှေ့ပိုင်း အရမ်းအေးတဲ့ နေရာမှာသာ တွေ့နိုင်ပါတယ်။ ဂျင်းစင်းဟာ မြောက်အမေရိကရဲ့ စီးပွားရေးစျေးကွက်မှာ အကြီးဆုံးစျေးကွက်လည်း ဖြစ်ပါတယ်။ ဒါလေးကတော့  ဗဟုသုတအနေနဲ့ ပြောပြပေးတာပါ။

 

 

အခု Ma’suri ရဲ့ Mask လေးဟာဆိုရင် ဆေးဖက်ဝင် ကိုရီးယားဂျင်စင်းနဲ့ပေါင်းစပ်ထုတ်လုပ်ထားလို့ sensitive skin ပိုင်ရှင်တွေလည်း အသုံးပြုလို့ရပါတယ်။ ဂျင်စင်းရဲ့ ကောင်းကျိုးတွေကတော့ သွေးလည်ပတ်မှုကောင်းစေတာပါ။ နောက်တစ်ခုက မျက်နှာအသားရေနုပျိုကြည်လင်ပြီး ပြောင်ပြောင်တင်းတင်းလေးနဲ့ အရေးကြောင်းတွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ အသားရေခြောက်တဲ့သူတွေ သုံးရင် အသားရေစိုပြေလာမှာ ဖြစ်ပြီး အဆီပြန်တတ်တဲ့ အသားရေပိုင်ရှင်တွေသုံးဖို့တော့ မသင့်တော်ပါဘူးလို့ ပြောပါရစေနော်။

Mask လေးရဲ့ အသုံးပြုပုံကတော့ မျက်နှာအရင်သစ်ပေးရပါ့မယ်။ ရေသုတ်ပြီးတာနဲ့ Toner လေးလိမ်းပေးရပါ့မယ်။ ပြီးရင်တော့ Mask လေးကို ၁၅မိနစ် လောက်ကပ်ပြီး ခွာပေးလို့ ရပါတယ်။ရေဆေးချချင်ရင်လည်း ရေဆေးလိုက်လို့ ရပါတယ် (သို့) မဆေးဘဲ မိတ်ကပ်ထပ်လိမ်းမယ်ဆိုရင်လည်း ရပါတယ်နော်။ ကဲ…ဒီတော့ Ma’suri Ginseng Mask လေးရဲ့ကောင်းကျိုးတွေကို သိပြီဆိုရင် သုံးကြည့်လိုက်ကြရအောင်…..!

 

 

 

Image Source : https://www.facebook.com/MasuriCosmetic/

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password