Brand အများစုမှာ မရှိသလောက်ရှားပါးတဲ့ နှုတ်ခမ်းနီအရောင်များ

Brand တော်တော်များများမှာ မရှိသလောက်ရှားပါးတဲ့ Lipstick အရောင်တွေကို Maybelline New York Brand က အသစ်ထက်မံထုတ်လုပ်လိုက်ပါတယ်။ လူတိုင်းမှာမရှိနိုင်တဲ့အရောင်တွေဖြစ်လို့ သူများနဲ့မတူဘဲ တမူထူးခြားခြင်ပြီး ပေါ်လွင်ချင်သူများအတွက် မရှိမဖြစ်ရှိထားသင့်တဲ့ အရောင်တွေဆိုလည်း မမှားပါဘူး။ မကြာခင်အပြိုင်အဆိုင် ရောက်ရှိလာတော့မယ့် Music Festival တွေသွားတဲ့အခါ ကိုယ်ပိုင် creation လုပ်ချင်သူများအတွက် မထင်မှတ်ထားတဲ့ Color ဆန်းဆန်းပြားပြားတွေကို ရရှိနိုင်တာမို့ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။

  

   

ဒီ Lipstick ရဲ့နာမည်ကတော့ COLOR SENSATIONAL THE LOADED BOLDS LIPSTICK ဖြစ်ပါတယ်။ Bold ဆိုတဲ့အတိုင်း ဆိုးလိုက်တာနဲ့ တောက်ပပြီးရဲရင့်တဲ့ အသွင်ကိုဖန်တီးပေနိုင်မယ့် အရောင်တွေဖြစ်ပါတယ်။ အရောင် ၂၀ ထိရှိလို့ ရွေးချယ်စရာတွေ အရမ်းများတာကတော့ သူရဲ့အားသာချက်နောက်ထက်တစ်မျိုး ဖြစ်ပါတယ်။ အရောင် ၂၀ ထဲမှာ အနက်ရောင်နဲ့ အဖြူရောင်ကတော့ အထူးခြားဆုံးအရောင် ၂မျိုး ဖြစ်လို့ တခြား Brand တွေမှာ ရနိုင်ခြေနည်းပါးပါလိမ့်မယ်။ မဖြစ်မနေရှိထားသင့်တဲ့ အရောင် ၂မျိုးပါ။ ဒီအရောင် ၂မျိုးသာ ရှိထားမယ်ဆို မိမိမှာရှိပြီးသား တခြား နှုတ်ခမ်းနီအရောင်တွေနဲ့ စိတ်ကြိုက် Creation လုပ်ကြည့်လို့ အဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။ Pigmentation အရမ်းကောင်းလို့ One-stroke နဲ့တင် တော်တော်သိသာထင်ရှားတဲ့ အရောင်ကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ နောက်ထက် Color အဆန်းအပြားတွေလည်း ရှိသေးတာမို့ အောက်မှာပုံနှင့်တကွ ဖော်ပြပေးထားပါတယ်။

   

အသုံးပြုပုံအနေနဲ့ နှုတ်ခမ်းနီဆိုရင် အပေါ်နှုတ်ခမ်းရဲ့ အလယ် Center point ကနေစပြီး ဆိုးပေးရပါ။ နောက်ဆုံးမှာ အောက်နှုတ်ခမ်းကို မိမိလိုသလို စိတ်ကြိုက် နှုတ်ခမ်းကိုချဲ့ဆိုးတာမျိုးတွေ ချုံ့ဆိုးတာမျိုးတွေ လုပ်လို့ရပါတယ်။

Image Source :https://www.maybelline.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password