သင့်ရဲ့ ဖုံးကွယ်နေတဲ့ အလှတရားတွေကို ဖော်ထုတ်ပေးလိုက်ကြရအောင်

အခုနောက်ပိုင်း မိန်းကလေးတော်တော်များများဟာ မိတ်ကပ်လိမ်းတဲ့အခါ အရင်လိုမဟုတ်တော့တဲ့အတွက် မိန်းကလေးတိုင်း လှပနေတာကို မြင်ကြပါတယ်နော်။ အဲ့ဒါတွေဟာ ဘာကြောင့်လည်းဆိုတော့ မိမိမျက်နှာရဲ့ အားသာချက် အားနည်းချက်တွေကို မိတ်ကပ်လိမ်းတဲ့အခါ ပြီးလွယ်စီးလွယ်မပြင်ဘဲ ထိထိရောက်ရောက် ပြင်ဆင်လာကြလို့ဘဲ ဖြစ်ပါတယ်။ မျက်နှာတစ်ခုရဲ့ အဓိကအရေးကြီးဆုံး အစိတ်ပိုင်းတွေဖြစ်တဲ့ နှာခေါင်း၊ မေးရိုးနဲ့ ပါးရိုးတွေကို ဂရုတစိုက် ပြင်ဆင်ပေးသင့်ပါတယ်။ အခုလိုအရေးကြီးတယ်ဆိုတာ သိလာပြီးနောက်ပိုင်း Highlighting ကို အာရုံစိုက်ပြီး အသုံးပြုလာကြတာ တွေ့ရပါတယ်။ အဲ့လိုပြင်ဆင်ပေးဖို့ရန်အတွက်လည်း Highlighter ကောင်းကောင်းလိုအပ်ပါတယ်။

အဲ့အတွက် အခုမိတ်ဆက်ပေးချင်တဲ့ Highlighter လေးကတော့ Maybelline ရဲ့ FACESTUDIO MASTER CHROME METALLIC HIGHLIGHTER  လေးဘဲ ဖြစ်ပါတယ်။ METALLIC HIGHLIGHTER ဆိုတဲ့အတိုင်း Highlight ဖြစ်ချင်တဲ့နေရာတွေကို တောက်ပြောင်ပြီး Heats Up ဖြစ်နေစေမယ့် ပစ္စည်းလေးဖြစ်ပါတယ်။ Pigmentation အရမ်းကောင်းတာမို့ သုံးကြည့်စေချင်ပါတယ်။ ပါးရိုး၊ နဖူး၊ နှာတံလိုနေရာမျိုးတွေကို မိမိနဲ့လိုက်ဖက်အောင် Highlight လုပ်ပေးနိုင်ပါတယ်။

                

သူရဲ့အသုံးပြုပုံကတော့ သုံးနေကျ Brush (သို့) လက်ချောင်းလေးများဖြင့် အဆင်ပြေသလို အသုံးပြုပေးနိုင်ပါတယ်။ အသုံးပြုပြီးသောအခါ မိတ်ကပ်နဲ့တသားတည်း ဖြစ်သွားစရန် blend လုပ်ပေးရပါမယ်။ ပြီးသွားရင်တော့ တောက်ပပြီးလှပတဲ့ Make up look လေးကို ပိုင်ဆိုင်နိုင်ပြီမို့ သင့်ရဲ့ဖုံးကွယ်နေတဲ့ အလှတရားလေးတွေကို သင်ကိုယ်တိုင်ရော အများအမြင်မှာပါ ပေါ်လွင်သွားစေမှာ ဖြစ်ပါတယ်။

 

Image Source : https://www.maybelline.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password