သဘာဝအတိုင်းလှပတဲ့ Make Up look လေးကို ပိုင်ဆိုင်နိုင်ဖို့ Maybelline Fit Me ရဲ့ Two Way Cake လေးရှိနေပြီနော်…

အမျိုးသမီးတိုင်း မျက်နှာမှာ အပြစ်အနာအဆာကင်းတဲ့ သူဆိုတာမရှိပါဘူးနော်။ များသောအားဖြင့် တင်းတိတ် မှဲ့ခြောက်နဲ့ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမဲစက်လေးတွေတော့ ရှိနေတတ်ကြစမြဲပါ။ ဒါဟာ ရှက်စရာလည်း မဟုတ်သလို စိတ်ညစ်စရာလည်း မဟုတ်ပါဘူး။ တိုးတက်နေတဲ့ ဒီဘက်ခေတ်ကြီးမှာ ဒီလိုအနာအဆာလေးတွေ ဖုံးဖိနိုင်ဖို့အတွက် မိတ်ကပ်ကောင်းကောင်းတွေကိုလည်း ရွေးချယ်အသုံးပြုလို့ ရနိုင်နေပါပြီ။ ကိုယ်ရွေးချယ်လိုက်တဲ့ မိတ်ကပ် မှန်ကန်ဖို့တော့ လိုတာပေါ့နော်။

ကဲ ဒါဆို မှန်ကန်တဲ့ မိတ်ကပ်ရွေးချယ်မှုမျိုးဖြစ်အောင် ဘယ်လိုရွေးကြမလဲ? မိတ်ကပ်လိမ်းဖို့အတွက် အောက်ခံ foundation ကောင်းကောင်းတွေ စျေးကြီးတာတွေကို သုံးနေတာပြီး အပေါ်ယံအဓိကကျတဲ့ မိတ်ကပ်ကိုလည်း ရွေးချယ်မှုမှန်ကန်ဖို့ သိပ်ကို အရေးကြီးပါတယ်။ အောက်ခံမိတ်ကပ်ကောင်းပြီး အပေါ်ယံမိတ်ကပ်ကြောင့် မိတ်ကပ်ကွက်တာတွေ လက်နဲ့ထိမိတဲ့အခါ tissue နဲ့ ထိမိတဲ့အခါမျိုးတွေမှာ မိတ်ကပ်ပြားသွားတာမျိုးတွေနဲ့ အဆီပြန်တာမျိုးတွေကိုလည်း ကြုံရတက်ပါတယ်။

ဒီလိုမျိုးတွေ မကြုံရစေဖို့အတွက် Maybelline ရဲ့ Fit Me series ထဲက Two Way Cake လေးနဲ့ မိတ်ဆက်ပေးလိုက်မယ်နော်။ ဒီ Two Way Cake လေးဟာဆိုရင် Two Way ဆိုတဲ့အတွက် နှစ်မျိုးအသုံးပြုလို့ ရနိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့အားသာချက်က မိတ်ကပ်လိမ်းထားမှန်း မသိသာစေဘဲ သဘာဝလေးလို ဖြစ်နေစေပြီး သိပ်သိပ်လေးနဲ့ ညပ်ညပ်လေးဖြစ်နေတဲ့အတွက် မိတ်ကပ်လိမ်းထားမှန်းတောင် မသိသာစေတာပါ။ Flawless ဖြစ်တဲ့အတွက်ကြောင့်လည်း မျက်နှာမှာရှိတဲ့ ဝက်ခြံလေးတွေနဲ့ အမဲစက်လေးတွေကိုလည်း ဖုံးအုပ်ပေးနိုင်ပါသေးတယ်။ အမဲစက်ပါးပါးလေးတွေအတွက်ကတော့ လုံးဝခေါင်းထဲကို ထည့်စရာမလိုတဲ့ Two Way cake လေးဖြစ်ပါတယ်။ နောက်တခုက ချွေးပေါက်တွေကျယ်ပြီး အဆီပြန်နေတဲ့ အသားရေပိုင်ရှင်တွေအတွက်လည်း အင်မတန်မှ သင့်တော်တဲ့ မိတ်ကပ်လေးဖြစ်တဲ့အတွက်ကြောင့် Maybelline Fit Me series လေးကိုတော့ လုံးဝ recommend ပေးနိုင်ပါတယ်နော်။

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password