စျေးနှုန်းချိုသာပြီး Formula ကောင်းတဲ့ Foundation လေးအကြောင်း…..

 

 

အခုမိတ်ဆက်ပေးချင်တဲ့ Foundation လေးကတော့ Maybelline (New York) ရဲ့ Fit Me series ထဲက Matte + Poreless ဆိုတဲ့ foundation လေးဘဲ ဖြစ်ပါတယ်။ Maybelline ကထုတ်လိုက်တဲ့ ပစ္စည်းတိုင်းဟာ စျေးအရမ်းမကြီးဘဲ Quality ကောင်းကောင်းကို ပေးနိုင်တဲ့အတွက် အရင်ကရော အခုပါ Maybelline New York ဆိုပြီး ရပ်တည်လာခဲ့ပြီး လူသိများအောင်မြင်နေတဲ့ brand တစ်ခုဖြစ်နေတာပါ။ အခုလည်း Fit Me ဆိုတဲ့ foundation ဟာ မိန်းကလေးအများစုကြားမှာ ရေပန်းစားနေပြန်ပါတယ်။

 

 

 

ဒီ foundation လေးဟာဆိုရင် Normal to Oily skin တွေအတွက် ဖြစ်ပါတယ်။ Oily Skin ဆိုပြီး ပြောထားတဲ့အတွက် တနေကုန်မိတ်ကပ်လိမ်းရတဲ့ သူတွေ အဆီပြန်လို့ မိတ်ကပ်ကြာကြာမခံလို့ အဆင်မပြေဖြစ်နေတဲ့ သူတွေနဲ့ ပိုပြီးသင့်တော်ပါတယ်။ အသားရေခြောက်တတ်တဲ့ ပိုင်ရှင်တွေအတွက်ကတော့ သုံးလို့အဆင်မပြေနိုင်ပါဘူး။ သူက Matte type အမျိုးအစားဖြစ်တဲ့ liquid foundation ဖြစ်ပါတယ်။ Coverage အပိုင်းမှာဆိုလည်း Refines Pores ဆိုတဲ့အတွက် ချွေးပေါက်ရှိသူတွေနဲ့ ဆားဝက်ခြံညှစ်ထားလို့ အပေါက်လေးတွေ ဖြစ်နေတဲ့သူတွေအတွက်ပါ သုံးလို့အဆင်ပြေဆုံးဖြစ်စေမှာပါ။ နောက်တခုက seamless ဆိုတဲ့အတွက် အသက်အရွယ်အရ မျက်နှာမှာအရေးအကြောင်းရှိတဲ့ သူတွေ ဝက်ခြံကြောင့် အမာရွတ်ရှိသူတွေ အတွက်ပါ full coverage ပေးနိုင်ပါတယ်။

 

 

သူ့ကို အသုံးပြုမယ်ဆိုရင်တော့ Moisturizer တစ်ခုခုကို လိမ်းပေးလိုက်ပါ။ ပြီးရင် ကိုယ်လိုသလောက် မိတ်ကပ်ပမာဏကို ယူပြီး Make Up လိမ်းတဲ့ brush တို့ blender တို့နဲ့ အဆင်ပြေသလို နှစ်သက်သလို လိမ်းပေးလို့ ရပါတယ်။ Make Up အတွက် ရွေးချယ်စရာအရောင်လည်း တော်တော်လေးကို များတဲ့အတွက် မိမိအသားရေနဲ့ လိုက်ဖက်တဲ့အရောင်ကို ရွေးချယ်လို့ ရပါတယ်။ အကယ်၍ အသားရေနဲ့ လိုက်ဖက်တဲ့ အရောင်ကို ရွေးချယ်ရခက်နေခဲ့ရင် Maybelline New York ဆိုတဲ့ website ထဲမှာ Fit Me Foundation Finder ဆိုတဲ့ အထဲကိုဝင်ပြီး Find Your Shade မှာ မိမိအသားရေနဲ့ လိုက်ဖက်တဲ့ အရောင်ကို ရွေးကြည့်ရင် သိနိုင်ပါတယ်နော်။ ဒီလောက်ဆို မိမိနဲ့အဆင်ပြေတဲ့ foundation ကို ရွေးချယ်အသုံးပြုလို့ အဆင်ပြေလောက်ပါပြီနော်။

 

 

Image Source : https://www.maybelline.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password