မျက်နှာသစ်တိုင်း လုပ်မိနေတဲ့ အလွဲအမှားများ

ပျိုမေတို့ရေ မျက်နှာသစ်တာက နေ့စဉ်ပြုလုပ်နေတဲ့ ရိုးရှင်းတဲ့အရာတစ်ခုပါ။ မျက်နှာကို ရေအနည်းငယ်စွတ်လိုက်ပြီး မျက်နှာသစ်ဆပ်ပြာအနည်းငယ်ကို ထပ်ပြီး ပွက်ကာ ရေနဲ့ထပ်ပြီးဆေးလိုက်မယ်ဆိုရင် မျက်နှာသစ်တာ ပြီးသွားပြီပေါ့။ နေ့စဉ်ပြုလုပ်နေတဲ့ ရိုးရှင်းတဲ့ မျက်နှာစောင့်ရှောက်မှု တစ်ခုပါပဲ။ ရိုးရှင်းတဲ့ မျက်နှာသစ်နည်းတွေက ဝက်ခြံ၊ တင်းတိပ်နဲ့ တခြားပြဿနာတွေကို မဖြေရှင်းပေးနိုင်တာတော့ အမှန်ပါပဲ။ မျက်နှာပုံမှန်သစ်တိုင်း ဝက်ခြံတွေ မထွက်ဘူးလို့မပြောနိုင်ပါဘူး။ မျက်နှာသစ်ဆပ်ပြာကို စနစ်တကျအသုံးပြုဖို့လိုပါတယ်။

မျက်နှာသစ်ဆပ်ပြာကို စနစ်တကျအသုံးပြုပေးတာက မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံနဲ့ တင်းတိတ်တွေကို ပျောက်ကင်းစေပါတယ်။ မျက်နှာသစ်ဆပ်ပြာနဲ့ ပတ်သတ်ပြီး ပျိုမေတို့မှားနေတဲ့ အလွဲလေးတွေကို ပြောပြပေးမယ်နော်။

အိပ်ယာမဝင်ခင် မျက်နှာသစ်ဖို့ မေ့ခြင်း

ဝက်ခြံဖြစ်စေတဲ့ အဓိက တရားခံက ညမအိပ်ခင်မှာ မျက်နှာသစ်ဖို့ မေ့တာပါ။ ဒါက ကြာလာရင် အန္တရာယ်များတယ်နော်။ တစ်နေ့ကုန် မိတ်ကပ်လိမ်းထားတာမို့ ညအိပ်ယာဝင်ခါနီးမှာ မျက်နှာသစ်ပေးဖို့ လုံးဝမမေ့သင့်ပါဘူး။ မိတ်ကပ်မလိမ်းရင်တောင်မှ တစ်နေကုန်လှုပ်ရှားထားတာတွေကြောင့် မျက်နှာမှာ ချွေးတွေ၊ ကြေးတွေနဲ့ ဖုန်မှုန့်တွေ ကပ်နေတယ်လေ။ ညအိပ်ယာဝင်ခါနီးမှာ မျက်နှာမသစ်ဘူးဆိုရင်တော့ အချိန်ကြာလာတဲ့အခါ ဝက်ခြံထွက်တာ၊ တင်းတိပ်ဖြစ်တာနဲ့ အသားရေ ယောင်ရမ်းတာတွေကို ကြုံတွေ့ရမယ်နော်။

ခေါင်းအုံး

နေ့တိုင်းမျက်နှာတော့ သစ်အိပ်ပါတယ်။ ဒါပေမယ့်လည်း ဝက်ခြံတွေ ထွက်နေတုန်းဆိုရင် ပျိုမေတို့ရဲ့ ခေါင်းအုံးကို လျှော်ပေးဖို့ လိုနေပြီနော်။ ညအိပ်ခါနီးမှာ မျက်နှာတွေ ဘယ်လောက်ပဲ သစ်နေသစ်နေ ခေါင်းအုံးမသန့်ရှင်းဘူးဆိုရင် မျက်နှာမှာ ဝက်ခြံတွေ ထွက်လာဦးမှာ အသေအချာပါပဲ။

ရေအပူချိန်

ရေပူရေအေးနဲ့ မျက်နှာသစ်မယ်ဆိုရင် သတိထားဖို့လိုပါတယ်။ အေးလွန်းတဲ့ရေ၊ ပူလွန်းတဲ့ရေတွေက ပျိုမေတို့ရဲ့ မျက်နှာအသားအရေကို ထိခိုက်စေပါတယ်။ ရေနွေးနဲ့ မျက်နှာသစ်တာက မျက်နှာပေါ်မှာရှိတဲ့ သွေးကြောတွေနဲ့ တစ်ရှူးတွေကို ပျက်စီးစေပါတယ်။ အသားအရေရဲ့ အဆီဓာတ်ခမ်းခြောက်တာနဲ့ ယားယံတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ သဘာဝအေးတဲ့ ရေကိုသာ အသုံးပြုပေးတာ အကောင်းဆုံးနဲ့ အမှန်ကန်ဆုံးပါ။

မိတ်ကပ်ဖျက်ဆေး

မိတ်ကပ်လိမ်းထားတဲ့ ပျိုမေတို့ရဲ့ မျက်နှာကို မိတ်ကပ်ဖျက်ဆေးမသုံးဘဲ မျက်နှာတန်းသစ်လို့ မရပါဘူး။ သာမန်မျက်နှာသစ်ဆေးတွေက မိတ်ကပ်တွေကို ပြောင်အောင် ပြုလုပ်နိုင်စွမ်းမရှိလို့ပါ။ မိတ်ကပ်အများစုက ရေစိုခံ (waterproof) တွေဖြစ်တာမို့ သာမန်မျက်နှာသစ်ရုံလောက်နဲ့တော့ ပြောင်မှာမဟုတ်ပါဘူး။ ဒါကြောင့် မျက်နှာမသစ်ခင်မှာ မိတ်ကပ်ဖျက်ဆေးကို အသုံးပြုပြီး မိတ်ကပ်တွေကို အရင်ဖျက်ပေးပါ။

မျက်နှာသုတ်ပုဝါ

မျက်နှာသုတ်ပုဝါတွေကို တစ်ယောက်ထဲ သီးသန့်သုံးစွဲတာ အကောင်းဆုံးဖြစ်ပါတယ်။ မျက်နှာသုတ်ပုဝါကို တခြားသူတွေနဲ့ အတူတူသုံးစွဲမယ်ဆိုရင် တစ်ယောက်မျက်နှာပေါ်မှာရှိတဲ့ ဘက်တီးရီးယားပိုးတွေက အတူတူသုံးတဲ့သူရဲ့ မျက်နှာကို အလွယ်တကူ ကူးစက်နိုင်လို့ပါ။

မျက်နှာသစ်ဆပ်ပြာရွေးချယ်ခြင်း

တစ်ယောက်နဲ့ တစ်ယောက် အသားအရေ type ချင်း မတူညီတာမို့ တစ်ယောက်က ကောင်းတယ်လို့ ညွှန်ပြတိုင်း နောက်တစ်ယောက်နဲ့ အဆင်ပြေမှာမဟုတ်ပါဘူး။

အထိအခိုက်မခံတဲ့(sensitive skin) ပိုင်ရှင်တွေအနေနဲ့ ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးတဲ့ မျက်နှာသစ်ဆေးအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

အဆီပြန်တဲ့ (oily skin) ပိုင်ရှင်တွေဆိုရင်တော့ salicylic acid-based ဒါမှမဟုတ် အဆီဓာတ်ဖယ်ပေးတဲ့ မျက်နှာသစ်ဆေး အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

ခြောက်သွေ့တဲ့ (dry skin) ပိုင်ရှင်တွေအနေနဲ့တော့ အသားအရေတစ်လွှာချင်းဆီကို အစိုဓာတ်ဖြည့်ပေးတဲ့ မျက်နှာသစ်အမျိုးအစားကို ရွေးချယ်ပေးသင့်ပါတယ်။

ပျိုမေတို့ရေ မျက်နှာကို တစ်ရက်နှစ်ကြိမ် ပုံမှန်သစ်ပေးဖို့ လိုအပ်သလို makeup remover ကိုလည်း မျက်နှာမသစ်ခင် အသုံးပြုပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password