အာရှအသားအရေနဲ့ လိုက်ဖတ်မယ့်အရောင်လေးတွေပါလို့ဆိုတဲ့ Moonshotရဲ့ Creampaint Light Fit နှုတ်ခမ်းနီလေးတွေအကြောင်း

Moonshotဆိုတဲ့ Korean Cosmetic brandလေးကို သိပြီးသားဖြစ်တဲ့ ပရိသတ်တွေလည်းရှိသလို မရင်းနှီးသေးတဲ့ ပရိသတ်တွေလည်းရှိမယ်လို့ ထင်တဲ့အတွက်ကြောင့် မိတ်ဆက်ပေးချင်ပါတယ်။ Moonshot က YG entertainment ရဲ့ အခွဲတွေထဲကတစ်ခု အပါအဝင်ဖြစ်ပြီး brand modelတွေကလည်း YG artistတွေဖြစ်တဲ့ GD, Sandara Parkနဲ့ Black Pinkတို့ပါ။ Edgyဖြစ်တဲ့  YGရဲ့ပုံစံအတိုင်း Moonshotရဲ့ packagingပုံစံကလည်း တစ်ခြား korean cosmeticတွေလို မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းရှိတာကိုတွေ့ရပါတယ်။ ဒါ့အပြင် Moonshot ရဲ့ cosmeticတွေက multifunctional ဖြစ်လို့ ကိုယ့်စိတ်တိုင်းကျ လိုသလိုအသုံးပြုလို့လည်းရပါသေးတယ်။

အခုမိတ်ဆက်ပေးမယ့် ဒီ Creampaint Lightfit series နှုတ်ခမ်းနီလေးတွေကတော့ matteအမျိုးအစားဖြစ်ပြီး textureကလည်း ပေါ့ပေါ့ပါးပါးရှိတာကြောင့် matteဆိုးပြီး နှုတ်ခမ်းခြောက်ခြောက်ကြီး ဖြစ်မှာမပူရပါဘူး။ Creamy textureလည်းဖြစ်လို့ လွယ်လွယ်ကူကူ blendလုပ်လို့ရစေပါတယ်။ နှုတ်ခမ်းနီဆိုးတဲ့ applicatorလေးကလည်း  Sပုံစံကွေးကွေးလေး ပြုလုပ်ပေးထားတာမို့လို့ နှုတ်ခမ်းနီဆိုးရတာလည်းလွယ်ကူစေပါတယ်။ ပြီးတော့ Moonshotရဲ့ထုံးစံအတိုင်း multifunctional ဖြစ်လို့ ပါးနီ၊ eyeshadow အနေနဲ့ပါအသုံးပြုနိုင်သေးတာမို့ အတိုင်းထက်အလွန်ပါပဲ။

ဒီ Creampaint light fit seriesမှာ အရောင် ၈မျိုးအထိပါဝင်ပါတယ်။ ပါဝင်တဲ့အရောင်တွေအကုန်လုံးကလည်း အာရှအသားအရေနဲ့လိုက်ဖတ်စေမယ့် light toneလးတွေဖြစ်တာကြောင့် အရမ်းကိုအဆင်ပြေစေပါတယ်။ ဒီအရောင်လေး ၈ရောင်ကတော့

  1. Coralရောင်တောက်တောက်နဲ့ Coral Chou
  2. ပန်းနုရောင် Love Drunk
  3. ပန်းခရမ်းရောင်ဆန်ဆန် Hey Rosa
  4. အနီရောင် စိုစိုလေးဖြစ်တဲ့ Red Mellow
  5. လိမ္မော်ရောင်ဖျော့ဖျော့ Orange Lily
  6. အညိုဘက်သွားတဲ့coral shadeလေး Pale Leaves
  7. အညိုရောင်စစ်စစ်လို့ ပြောရမယ့်Nudy Branch နဲ့
  8. အညိုရောင်နည်းနည်းပိုနုတဲ့ Vintage Dress တို့ပဲဖြစ်ပါတယ်လို့ ဖော်ပြပေးရင်း Moonshotရဲ့ Creampaint Lightfit seriesလေးအကြောင်း သတင်းပေးလိုက်ရပါတယ်နော်။

 

 

 

 

References : sugarpeonies.wordpress.com/

Photo references : en.moonshot-cosmetics.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password