ဒီဇိုင်းဆန်းလွန်းလို့ ရေမွှေးပုလင်းမှဟုတ်ရဲ့လားထင်ရစေမယ့် Moschino Fresh Couture

ရေမွှေးပုလင်းတော်တော်များများက ပုံစံဆန်းဆန်းလှလှလေးတွေနဲ့စွဲဆောင်တတ်ကြတာ ပျိုပျိုတို့ရော ကိုကိုတို့ပါအသိပါ။ ဒါပေမယ့် ဒီရေမွှေးပုလင်းလေးကတော့ မြင်မြင်ချင်းမှာ ရေမွှေးပုလင်းလို့တောင်ထင်မိချင်မှထင်မိလောက်စရာပါ။ ဒီရေမွှေးလေးရဲ့နာမည်ကတော့ Moschino ရဲ့ Fresh Couture လို့ခေါ်ပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင် အိမ်တွေ ဆိုင်တွေတော်တော်များများမှာသုံးတဲ့ မှန်ဆေးရည်ဘူးလေးလား ထင်ရအောင် ပုံစံဆန်းတဲ့ ဒီရေမွှေးလေးကို Moschino ကနေထုတ်လုပ်ထားတာဖြစ်ပါတယ်။ Moschino ကထုတ်တဲ့ရေမွှေးပီပီ လူငယ်ဆန်ပြီး playful yet feminine vibe ကိုကြိုက်တဲ့ပျိုတွေနဲ့တော့အရမ်းကိုလိုက်ဖက်ညီပါတယ်။

ဒီရေမွှေးလေးမှာပါတဲ့ ရနံ့တွေကိုမိတ်ဆက်ပေးရမယ်ဆိုရင် စစချင်းမှာ Mandarin နဲ့ Bergamot လိမ္မော်သီးရနံ့တွေကိုရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ Raspberry သီးလေးတွေရဲ့ချိုချိုချဉ်ချဉ်ရနံ့လေးတွေက Peony နဲ့ Osmanthus ပန်းရနံ့လေးတွေကြားမှာရောစပ်နေတာမို့ အရမ်းလည်းမအီ အရမ်းလည်းမစူးဘဲ ချစ်ဖို့ကောင်းတဲ့ရနံ့လေးတစ်ခုဖြစ်နေစေတာပါ။

 .  

အပြီးသတ်ရမယ့် ရနံ့လေးကတော့ စန္ဒကူးနံ့လေးသင်းနေတာကြောင့် တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ မိန်းကလေးဆန်ဆန် ပျိုလေးတွေနဲ့အရမ်းကိုကိုက်ညီနေမှာသေချာပါတယ်။ ဒါကြောင့် ချိုချိုချဉ်ချဉ်နဲ့ မိန်းကလေးဆန်တဲ့ ရနံ့လေးတွေကိုမှ ကြိုက်တယ်ဆိုရင်တော့ ဒီရေမွှေးလေးကိုရွေးချယ်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

Image Source : www.sephora.com

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password