မိနစ် ၃၀အတွင်း စိုပြေတဲ့အသားအရေကိုဖန်တီးပေးနိုင်မယ့် Murad Nutrient-Charged Water Gel!

Combination Skin ( T Zone အဆီပြန်တဲ့အသားအရေ) နဲ့ Oily Skin ( မျက်နှာပြင်အပြည့် အဆီပြန်တဲ့အသားအရေ ) ပိုင်ဆိုင်သူတွေလည်း မျက်နှာမှာ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့ရန်လိုအပ်လာပါတယ်။ ရေဓာတ်ခမ်းခြောက်လာတဲ့အခါ မျက်နှာပြင်ဟာနူးညံ့မနေတော့ဘဲ ကြမ်းတမ်းလာပြီး အရောင်ပါမှေးမှိန်လာတတ်ပါတယ်။ အရွယ်မတိုင်ခင်အရေးအကြောင်းတွေလည်း ဖြစ်ပေါ်စေနိုင်တာကြောင့် မည်သည့်အသားအရေမဆို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။

  

အသားအရေမရွေးအသုံးပြုနိုင်ပြီး အထူးသဖြင့် အဆီပြန်တတ်တဲ့အသားအရေပိုင်ဆိုင်သူတွေအနေနဲ့ သုံးစွဲရန်သင့်တဲ့ Product အသစ်လေးကို Murad ကနေ Nutrient-Charged Water Gel ကိုမိတ်ဆက်ပေးလိုက်ပါပြီ။ Oil Free Water Gel အမျိုးအစားဖြစ်တဲ့အတွက်ကြောင့် အဆီပြန်ခြင်းမျိုးဖြစ်ပေါ်လာမှာကို စိုးရိမ်စရာမလိုတော့ပါဘူး။ အသုံးပြုပြီး မိနစ် ၃၀အတွင်းမှာ လိုအပ်နေတဲ့ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် အရမ်းအသုံးတည့်မယ့် Product လေးပဲဖြစ်ပါတယ်။ ဒီ Nutrient-Charged Water Gel မှာ အသားအရေအတွက်များစွာအထောက်အကူပြုတဲ့ Vitamin B3,B5,B6,B9,E တို့အပြင် သတ္တုဓာတ်တွေပါဝင်တာကြောင့် အသားအရေကိုတင်းရင်းစေပြီး နူးညံ့တဲ့အသားအရေကိုဖန်တီးပေးနိုင်ပါတယ်။

ရေဓာတ်ခမ်းခြောက်နေတဲ့အသားအရေကို ပြန်လည်လှုံ့ဆော်ပြီးရေဓာတ်ဖြည့်တင်းပေးတာကြောင့် ကျန်းမာသန်စွမ်းတဲ့အသားအရေမျိုးကို ပိုင်ဆိုင်နိုင်မှာပါ။ နေလောင်ဒဏ်ကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့်ဖြစ်စေ ပျက်စီးသွားတဲ့အသားအရေတွေကို ပြန်လည်ထိန်းညှိပေးနိုင်တာကြောင့် အမည်းစက်ကင်းပြီး ကြည်လင်တဲ့အသားအရေမျိုးကို ပိုင်ဆိုင်စေမှာပါ။ မျက်နှာသစ်ပြီး ပထမဆုံး Skin Care အနေနဲ့ (ဒါမှမဟုတ်) Toner သုံးပြီး အသုံးပြုလို့ရသလို နေ့အချိန်အသုံးပြုတဲ့အခါ Sunscreen တမျိုးမျိုးနဲ့တွဲဖက်အသုံးပြုသင့်ပါတယ်။

 

 

 

Image Source: www.murad.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password