မျက်တောင်အတုကို တပ်ဆင်တော့မယ် ဆိုရင် သဘာဝ ကျကျ လှပနိုင်အောင်

ပြီးပြည့်စုံတဲ့အလှအတွက်ကတော့ မျက်တောင်တုလေးတွေကတော့ အရေးပါတဲ့အရာလို့ ဆိုရမှာပါ။ မျက်တောင်တုလေးတွေ တပ်တဲ့အချိန်မှာ သဘာဝကျကျ လှပနိုင်ဖို့ ဘယ်လို တပ်ဆင်လို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

  • မျက်တောင်တု တပ်ဆင်မယ်ဆိုရင်တော့ အရင်ဆုံး မျက်လုံးတွေကို သန့်စင်ပေးပါ။
  • မျက်တောင်တု အရှည်က မျက်လုံးအိမ်နဲ့ ကွက်တိ ဖြစ်နေပါစေ။ မျက်တောင်တုက မျက်လုံးအိမ် အရွယ်အစားထက် ကြီးနေတာမျိုးဆိုရင် မျက်လုံးထောင့်တွေမှာ ထောက်ပြီး မျက်လုံးတွေ နာလာတတ်သလို မျက်တောင်တုက သေးနေမယ်ဆိုရင်လည်း ဘေးနားတွေက လွတ်နေတာမို့လို့ ကြည့်လို့ အလှဆုံး ဖြစ်နေမှာ မဟုတ်ပါဘူး။
  • မျက်တောင်တု တပ်တဲ့အချိန်မှာ အပေါ်မျက်တောက်ကိုပဲ အလေးထား တပ်တတ်ပါတယ်။ သဘာဝကျတဲ့မျက်ဝန်းအလှအတွက်ကတော့ အပေါ်မျက်တောင်တွေကိုတင်မကဘဲ အောက်မျက်တောင်လေးမှာပါ မျက်တောင်တု သေးသေးလေးတွေကို တပ်ဆင်ပေးသင့်ပါတယ်။

  • မျက်တောင်တုမှာ ကော်ကပ်တဲ့အချိန် မျက်လုံးလိုင်းတွေအပေါ်မှာ ကော်သုတ်ပြီးမှ မျက်တောင်ကို ကပ်ပေးတာက ပိုပြီး ကြည့်ကောင်းစေပါတယ်။ ဒါမှမဟုတ် မျက်တောင်တုမှာ ကော်ကပ်ပြီးမှ မျက်လုံးမှာ ကပ်မယ် ဆိုရင်တော့မျက်တောင်တုလေးတွေမှာ ကော်တွေ မပွအောင် ကလစ်အသေးလေးသုံးပြီး ကော်တွေကို သေချာကပ်ပေးရမှာပါ။
  • မျက်တောင်တု တပ်ပြီးတဲ့အချိန်မှာ ကော်တွေ မသိသာအောင် ဖုံးဖို့အတွက် Eye Liner ကို အသုံးပြုပေးပါ။ မျက်တောင်အတုနဲ့ မျက်တောင် အစစ်တွေ သပ်သပ်စီ ဖြစ်မနေအောင် အတွက်ကတော့ မျက်တောင်ကော့ဆေးကို အသုံးပြုပေးဖို့ မမေ့ပါနဲ့နော်။

  • မျက်တောင်တုတွေကို ပြန်ခွါတော့မယ်ဆိုရင် ဒီအတိုင်း ဆွဲဖြုတ်လိုက်တာမျိုးကို ရှောင်ရှားပါ။ နားကျပ်ဂွမ်းတံလေးမှာ Make Up Remover အနည်းငယ်စွတ်ပြီး မျက်တောင်တုလေးတွေ အစပ်နားလေးမှာ နည်းနည်းချင်းတို့ပေးပြီးမှ အသာအယာ ခွါယူလိုက်ပါ။
  • မျက်တောင်တုတွေမှာ ကပ်နေတဲ့ ကော်အကြွင်းအကျန်တွေကို ဇာဂနာနဲ့ဖယ်ရှားပေးပါ။ ဒီလို ဆိုရင် ဒီမျက်တောင်တုတွေကို နောက်တစ်ကြိမ်ပြန်လည် အသုံးပြုနိုင်မှာပါ။

မျက်တောင်တု တပ်ဆင်တဲ့အချိန်မှာ အခု ပြောပြပေးထားတဲ့အချက်လေးတွေကို လိုက်နာပြီး တပ်ဆင်ပေးမယ်ဆိုရင် သဘာဝအတိုင်း လှပနေတဲ့မျက်ဝန်းလေး တစ်စုံရဲ့ အလှကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password