လက်သည်းလေးတွေနဲ့ ပျိုလေးတို့ရဲ့စိတ်ကိုခန့်မှန်းကြည့်ကြမယ်

ပျိုလေးတို့ရေ၊ မျက်လုံးတွေကလူတစ်ယောက်ရဲ့ စိတ်ကိုဖော်ပြတဲ့ပြတင်းပေါက်လို့ပြောကြတယ်နော်။ ဒါပေမယ့် လက်သည်းလေးတွေကလည်း မျက်လုံးလေးတွေလိုပဲ ပျိုလေးတို့အကြောင်းကို ပြောပြနိုင်တယ်ဆိုရင် အံ့ဩသွားကြမယ်ထင်ပါတယ်။ ဒါကြောင့် လက်သည်းလေးတွေကနေပြီး ပျိုတို့ရဲ့ စိတ်နေစိတ်ထားကို ဘယ်လိုပြောပြနေတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

၁။လက်သည်းရှည်ရှည်

ဒီလိုလက်သည်းရှည်ရှည်လေးတွေကို ပိုင်ဆိုင်တဲ့သူတွေက စိတ်ကူးဉာဏ်ထက်သန်ပြီး စိတ်ခံစားချက်ကို အသားပေးတတ်တဲ့သူတွေလို့ဆိုပါတယ်။ စိတ်နုတတ်တဲ့သူတွေမို့လို့ သူများရဲ့ လှည့်စားတာကို အလွယ်တကူခံရနိုင်လို့ သတိထားဖို့တော့လိုပါတယ်။

၂။ လက်သည်းခွံကျယ်ကျယ်

ဒီလို လက်သည်းခွံ ကျယ်ပြန့်တဲ့သူတွေကတော့ စိတ်ပြတ်သားပြီး ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့သူတွေလို့ဆိုပါတယ်။  နှလုံးသားထက် ဦးနှောက်ကိုပိုပြီး ဦးစားပေးတတ်တဲ့ပျိုလေးတွေဖြစ်ပြီး စိတ်ခံစားချက်ကိုဦးစားပေးလွန်းတဲ့သူတွေနဲ့ဆိုရင် ဘယ်လိုမှမကိုက်ညီတတ်ဘူးလို့လည်းဆိုပါတယ်။

၃။ လက်သည်းဝိုင်းဝိုင်း

ဒီလက်သည်းပိုင်ရှင်လေးတွေကတော့ ပျော်ပျော်နေတတ်ပြီး စိတ်ရှည်သည်းခံတတ်တဲ့သူတွေပါတဲ့။ သူငယ်ချင်းအပေါင်းအသင်းလည်းများပြီး အမြဲတက်ကြွနေတတ်လို့ အားလုံးကလည်းသဘောကျတဲ့သူလေးတွေဖြစ်ပါတယ်။

၄။ လက်သည်းလေးထောင့်

ဒီလို လက်သည်းလေးထောင့်ပိုင်ရှင်လေးတွေကတော့ ခေါင်းမာပြီး ဘယ်အရာကိုမဆိုအလေးနက်အရမ်းထားတတ်တဲ့သူတွေလို့ဆိုပါတယ်။ သတ္တိရှိပြီး အလေးအနက်ထားတတ်တဲ့ ပျိုလေးတွေဖြစ်တာကြောင့် တစ်ခါတစ်ရံမှာ စိတ်ကိုဒီထက်ပိုပြီး ပေါ့ပေါ့ပါးပါးထားမယ်ဆိုရင် ပိုပြီး ပျော်စရာကောင်းတဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်မှာပါလို့ အကြံပေးချင်ပါတယ်နော်။

ကဲ အခုလောက်ဆိုရင်တော့ ပျိုလေးတို့လည်း ကိုယ့်ရဲ့လက်သည်းလေးတွေ၊ သူငယ်ချင်းတွေရဲ့လက်သည်းလေးတွေကိုကြည့်ပြီး ပျော်ရွှင်နိုင်ကြပါစေလို့ ရည်ရွယ်ပြီးဖော်ပြလိုက်ပါတယ်နော်။

 

 

 

References : https://en.rocketnews24.com

Photo references : https://commons.wikimedia.org

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password