စကီလေးတွေ အသဲခိုက်စေမယ့် ကိုကိုတို့အတွက် Skin Care

မိန်းကလေးတွေပဲ အသားရေလှအောင် လုပ်လို့ရတယ်လို့ ဘယ်သူပြောလဲနော်! ကောင်လေးတွေလည်း ကိုယ့်မျက်နှာအသားရေကို နဂိုထက်ချေမွတ်အောင် ကြည့်ကောင်းအောင် Skin Care လုပ်လို့ ရတာပါပဲ။ အမျိုးသားတွေဟာ များသောအားဖြင့် မကြာခဏဆိုသလို ဝက်ခြံထွက်နေကျ သူတွေဖြစ်တဲ့အတွက်ကြောင့် မျက်နှာအသားအရေ ပျက်စီးခြင်း၊ အမာရွတ်နဲ့ ချိုင့်ခွက်တွေဖြစ်ခြင်းတွေကို ခံစားရတတ်ပါတယ်။ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးထွက်တာကြောင့် ကြမ်းတမ်းတဲ့ အသားရေကို ပိုင်ဆိုင်ရလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ အခုမိတ်ဆက်ပေးမယ့် ပစ္စည်းအကြောင်းကို ဖတ်ကြည့်ပေးပါလို့ ပြောပါရစေ။

အခုပစ္စည်းလေးကတော့ Natural Repuclic ရဲ့ Africa Bird All In One Day Cream ဆိုတဲ့ Korea 2015 Best of Beauty Winner ဆုရ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။ ဒါလေးဟာဆိုရင် Africa တိုက် Madagascar ကျွန်းမှ အလွန်ပူပြင်းခြောက်သွေ့တဲ့ ကန္တာရကြီးထဲမှာတောင် ပင်စည်ထဲမှာ ရေလီတာပေါင်း ၁၂၀၀၀၀ ကျော်ကို သိုလှောင်ပြီး နှစ်ပေါင်း ၅၀၀၀ ကျော် စိုပြေစိမ်းလန်းစွာ ရှင်သန်နေတဲ့ Baobob သစ်ပင်ကြီးများမှ ပေးစွမ်းသော အာဟာရဓာတ်နှင့် သတ္ထုဓာတ်များစွာဖြင့် အထူးဖော်စပ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Skin care အဆင့်ဆင့် အသုံးပြုပေးစရာမလိုဘဲ တစ်မျိုးတည်းသုံးရုံဖြင့် ထိရောက်မှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာအတွက် လိုအပ်သော ရေဓာတ်ကိုပြန်လည်ဖြည့်တင်းရရှိစေပြီး အဆီပြန်ခြင်းကို ထိန်းပေးနိုင်ပါတယ်။ ကျယ်နေတဲ့ချွေးပေါက်တွေကို ကျဉ်းစေရန်နှင့် အရေးအကြောင်းများကို လျော့နည်းစေမှာဖြစ်ပါတယ်။ ပုံမှန်စွဲသုံးပေးရင် အသားရေညီညာချောမွတ်စေပြီး ဝင်းပတဲ့မျက်နှာအသားရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

စကီးလေးတွေ ကြွေစေချင်တဲ့ ကိုကိုတွေ မောင်မောင်တွေ အကုန်လုံး Africa Bird All In One Day Cream ကိုဆောင်ထားလိုက်ရုံဖြင့် ကြွေဆင်းသွားမှာအသေချာမို့ ပင်ပင်ပန်းပန်းနဲ့အများကြီး လုပ်ယူနေစရာမလိုတော့ဘူးလေနော်။

 

Image Source : https://www.facebook.com/NatureRepublicMyanmar/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password