ရောင်စုံ chocolate လေးတွေလားထင်မှားရမယ့် Nature Republic ရဲ့ Chocolate Collection Nail Polish

ချောကလက်လေးတွေတန်းစီ~ ပျိုလေးတို့စိတ်ကြိုက်ရွေးဖို့ ဒီတန်းစီထားတဲ့ချောကလက်လေးတွေက အမှန်တော့ လက်သည်းနီဘူးလေးတွေပါလို့။ ဒီလိုချစ်စရာလည်းကောင်း အရောင်လည်းစုံတဲ့ Nature Republic ရဲ့  Chocolate Collection လက်သည်းနီလေးတွေအကြောင်းပိုပြီးသိချင်တယ်ဆိုရင်တော့ ဆက်ပြီးဖတ်ကြည့်လိုက်ရအောင်နော်။

ဒီ Chocolate Collectionဆိုတဲ့ လက်သည်းနီလေးတွေကတော့ နာမည်ကြီး M&M’s Chocolateရောင်စုံလေးတွေပုံစံထုတ်လုပ်ထားတာဖြစ်ပါတယ်။ Packagingကလည်း ချောကလက်အထုတ်လေးလို ပြုလုပ်ထားတာကြောင့် အရမ်းကိုချစ်ဖို့ကောင်းတာအမှန်ပါ။ ဒီ Chocolate Collectionမှာ ပါတဲ့လက်သည်းနီဘူးလေးတွေရဲ့ အရွယ်အစားကတော့ 7mlရှိပြီး ပါဝင်တဲ့အရောင်လေးတွေကတော့ ၁၀မျိုးပါဝင်ပါတယ်။ နွေဦးရာသီအတွက်ရည်ရွယ်ပြီး ထုတ်တဲ့ collectionလေးဖြစ်တာကြောင့် အရောင်လေးတွေကလည်း နွေဦးရဲ့ပန်းပွင့်လေးတွေလို အရောင်အသွေးစုံလှပါတယ်။

ဒီ Collectionမှာပါတဲ့ အရောင်၁၀မျိုးကိုဖော်ပြရမယ်ဆိုရင်တော့-

၁။ Purple

၂။ Navy

၃။ Blue

၄။ Sky

၅။ Green

၆။ Olive

၇။ Lemon

၈။ Orange

၉။ Pink နဲ့

၁၀။ Red တို့ပဲဖြစ်ပါတယ်။

ဒီ collectionလေးမှာ လက်ဆောင်အနေနဲ့ nail decoration sticker sheetနဲ့ သစ်သားတုတ်တံလေးတွေပါတာကြောင့် ကိုယ့်စိတ်ကြိုက် nail artလေးတွေကို အလွယ်တကူဖန်တီးနိုင်မှာဖြစ်လို့ ဒီ ချစ်စရာကောင်းတဲ့ Chocolate Collection လက်သည်းနီလေးတွေအကြောင်းကို ပျိုတို့အတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။

 

 

 

 

References : beautyboxkorea.com

Picture references : www.naturerepublic.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password