ဘယ်လောက်အဆီပြန်ပြန်၊ ဘယ်လောက်အသားအရေခြောက်ခြောက်မကြောက်တော့ဘူးနော်။

အားလုံးပဲမင်္ဂလာပါနော်။ ဒီနေ့မှာတော့အသားအရေအဆီပြန်တဲ့နေရာတွေမှာအရမ်းအဆီပြန်ပြီးကျန်တဲ့နေရာတွေမှာခြောက်သွေ့နေတဲ့သူတွေအတွက်အရမ်းကိုအဆင်ပြေပြီးမျက်နှာအသားအရေကိုထိန်းညှိပေးမဲ့ Super Aqua Max Combination Watery Cream လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီပစ္စည်းလေးဟာဆိုရင်ဖြင့် Combination Skin ပိုင်ဆိုင်သူတွေအတွက်အရမ်းသင့်တော်တဲ့ပစ္စည်းလေးဖြစ်ပါတယ်။ Combination Skin ကိုပိုင်ဆိုင်သူတွေအများဆုံးကြုံတွေ့နေရတဲ့ပြဿနာကတော့ Moisturizer, Emulsion အသုံးပြုတဲ့အခါမှာမျက်နှာကပုံမှန်အဆီပြန်နေတာထက်လွန်ကဲစွာအဆီပြန်လာတာမျိုးတွေများစွာကြုံတွေ့တတ်ပါတယ်။ ဘယ်ပစ္စည်းကိုအသုံးပြုရမလဲလို့တွေးတဲ့အခါမှာလည်းအခက်တွေ့ရပြန်ပါတယ်။

Super Aqua Max Combination Watery Cream လေးကတော့ရေဓါတ်ကိုအခြေခံပြီးပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် အဆီပြန်ခြင်းပြဿနာတွေတိုးလာမှာကိုစိုးရိမ်စရာမလိုတော့ဘူးပေါ့။ Kona Hawaiian Sea Water နဲ့သဘာဝသစ်ပင်အဆီအနှစ်များကနေပေါင်းစပ်ဖော်ထုတ်ထားတာဖြစ်လို့ အသားအရေကိုအပြည့်အဝပြန်လည်အားဖြည့်ပေးပြီး စိုပြေလန်းဆန်းလာစေပါတယ်။

 

အသုံးပြုပုံလေးကတော့ မျက်နှာသန့်ရှင်းပြီး တိုနာအသုံးပြုပါ။ တိုနာအသုံးပြုပြီးနောက် လိုအပ်တဲ့ပမာဏအတိုင်းအတာအထိယူပြီးမျက်နှာအနှံ့လိမ်းပေးပါ။ မျက်နှာအသားအရေထဲစိမ့်ဝင်သွားအောင် ၂မိနစ်ခန့် မျက်နှာအနှံ့ပုတ်လိမ်းပေးပါ။ မနက်တကြိမ်၊ ညတကြိမ်အသုံးပြုရုံနဲ့မျက်နှာအသားအရေစိုပြေလာပြီးအဆီပြန်ခြင်းလျော့ပါးလာတာကိုတွေ့မြင်ရမှာပါ။ ဝယ်ယူရလွယ်ကူပြီးစျေးနှုန်းလေးလည်းသင့်တာကြောင့် Combination Skin ပိုင်ဆိုင်သူတွေအတွက်တော့သတင်းကောင်းပဲနော်။

 

 

https://www.naturerepublicusa.com/products/super-aqua-max-combination-watery-creamrrr

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password