အသားအရေကို အာဟာရဖြည့်ပေးပြီး အသားအရောင်ကိုပါ ပြန်လည်ထိန်းညှိပေးနိုင်မယ့် …..

အားလုံးပဲမင်္ဂလာပါရှင့်။ ဒီနေ့မှာတော့ သာမန် Shower Gel မျိုးမဟုတ်ပဲ အသားအရေကို အားပြန်လည်ဖြည့်တင်းပေးမယ့် Necessaire ရဲ့ The Body Wash နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီ Body Wash လေးဟာ အသားအရေကျန်းမာစေဖို့အတွက် ဗီတာမင်ကြွယ်ဝစွာ ပါဝင်ဖော်စပ်ထားတဲ့ အမျိုးအစားဖြစ်ပါတယ်။ အသားအရေကို နူးညံ့စေပြီး အသားအရေအတွက်များစွာ အထောက်အကူပြုတဲ့ Marula, Cacay နဲ့ Meadowfoam တို့ကို အဓိကထားဖော်စပ်ထားပါတယ်။ Mild Plant ပါဝင်တဲ့အတွက်ကြောင့် အသားအရေကို အရမ်းခြောက်သွေ့သွားစေတာမျိုးမဖြစ်ပဲ အသားအရေ အစိုဓာတ်ကို ဆက်လက်ထိန်းထားပေးပြီး ကြေးညှော်တွေကို ဖယ်ရှားပေးပါတယ်။

အသုံးပြုတဲ့အခါမှာ ယားယံခြင်း၊ ဓာတ်မတည့်ခြင်းမျိုးမဖြစ်စေရန်အတွက်လည်း စမ်းသပ်ဖော်စပ်ထားတာကြောင့် Sensitive Skin တွေလည်း ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ ဒီ ဗူးရဲ့ နောက်ထူးခြားချက်တစ်ခု အနေနဲ့ အဖုံးကို Twist Cap Feature နဲ့ ဖန်တီးထားပါတယ်။ အဖုံးကို ဖွင့်ဖို့ရန်အတွက် ပထမဆုံးအနေနဲ့ နာရီလက်တံ လားယာ ဘက်သို့ လှည့်ပေးပြီး Lock ချရပါမယ်။ ပြီးနောက်မှာတော့ နာရီလက်တံ လားယာနဲ့ ဆန့်ကျင်ဘက်သို့ လှည့်ပေးရပါမယ်။ ပြီးနောက်မှာတော့ လိုသလောက် ထုတ်ယူအသုံးပြုနိုင်ပါတယ်။ Oil Gel အမျိုးအစားဖြစ်ပြီး အမြှုပ်အားကောင်းစေဖို့ရန်အတွက် ပွတ်တိုက်ပေးရပါမယ်။ အသားအရေရဲ့ PH Level ကို 5.5-6.5 အတွင်း ထိန်းသိမ်းပေးထားတဲ့အတွက်ကြောင့် ခြောက်သွေ့ပျက်စီးမှာ စိုးရိမ်စရာမလိုတော့ပါဘူး။

ဈေးနှုန်းအားဖြင့် 250ml တဗူးကို $25 နဲ့ Branded Online Shop တို့မှာ မှာယူရရှိနိုင်ပါတယ်။

 

Image Source: https://necessaire.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password