အသားအရေစိုပြေလှပစေဖို့အတွက် White Truffle Laycure Oil Stick

ပျိုမေတို့ရေ ကိုယ်ဘယ်သွားသွား အချိန်တိုင်း နေရာတိုင်းမှာ အသားအရေမွဲခြောက်ခြင်း ကင်းဝေးစေပြီး ကြည်လင်တောက်ပပြီး စိုပြေလှပတဲ့အသားအရေလေးကို ပိုင်ဆိုင်ချင်တယ်ဆိုတော့ အခုပြောပြပေးမယ့် Product လေးကတော့ ဒီပြဿနာတွေကို ကူညီဖြေရှင်းပေးမှာပါ။ အဲဒီပစ္စည်းလေးကတော့ NEOGEN အမှတ်တံဆိပ်ကနေ ထုတ်လုပ်ထားတဲ့ White Truffle Laycure Oil Stick အမည်ရတဲ့ ပစ္စည်းလေးပဲဖြစ်ပါတယ်။

NEOGEN ရဲ့ White Truffle Laycure Oil Stick မှာ Moisture ပါဝင်တဲ့အတွက် ရေဓာတ်ကိုဖြည့်ဆည်းပေးပါတယ်။ အဖြူရောင်ချောကလက်မှ ထုတ်ယူရရှိတဲ့ အဆီအနှစ်နဲ့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ထိုအဆီအနှစ်က ပိတ်ဆို့နေတဲ့ရေဓာတ်တွေကို ဖြိုဖျက်ကာ ရေဓာတ်ဖြည့်တင်းပေးပြီး အသားအရေကို အာဟာရဓာတ်ပေးစွမ်းနိုင်ပါတယ်။ အသားအရေယားယံခြင်းမျိုး မဖြစ်စေဘဲ သုံးရတာလည်း အဆင်ပြေလွယ်ကူပါတယ်။ အသားအရေ ခြောက်ကပ်ကွဲခြင်းတို့ကိုလည်း ကာကွယ်ပေးပြီး Sensitive ဖြစ်တတ်တဲ့အသားအရေပိုင်ရှင်တွေ အသုံးပြုပေးလို့ အဆင်ပြေပါတယ်။

အသုံးပြုပေးနိုင်တဲ့ပုံစံကတော့ ခြောက်သွေ့တဲ့အသားအရေနေရာ ဒါမှမဟုတ် ပျိုမေတို့ အသားအရေ စိုပြေလှပစေချင်တဲ့နေရာမှာ အသာအယာ အသုံးပြုပေးပါ။ အသားအရေထဲကို အပြည့်အဝ စုပ်ယူသွားတဲ့အထိ ငြင်ငြင်သာသာလေး ပွတ်ဆွဲပေးပါ။ မိတ်ကပ်မလိမ်းခင်နဲ့ လိမ်းပြီးနောက်မှာလည်းပဲ အသုံးပြုပေးနိုင်ပါတယ်။

ဒါကြောင့် ဒီလိုအသားအရေအတွက် အကျိုးပြုတဲ့ NEOGEN ရဲ့ White Truffle Laycure Oil Stick မျိုးလေးကိုလည်း ပျိုမေတို့ရဲ့ အိတ်လေးအတွင်းမှာ မဖြစ်မနေဆောင်ထားသင့်ပါတယ်နော်။

 

 

Image Source – https://www.neogenlab.us/

https://www.facebook.com/neogendermaUS/

https://www.instagram.com/neogen_us/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password