အစိုဓါတ်ကို ၂၄ နာရီထိန်းသိမ်းပေးတဲ့ Neutrogena Hydro Boost Water Gel

Neutrogena က အရည်အသွေးကောင်းတဲ့ brand တစ်ခုဆိုတာ အားလုံးသိထားပြီးသားပါ။ သူက မျက်နှာသစ်ဆပ်ပြာ ပိုင်းမှာ ပိုပြီးနာမည်ကြီးပါတယ်။ Neutrogena Hydro Boost Water Gel ကတော့ skin care ချစ်သူတွေကြားမှာ ရေးပန်းစားတဲ့ water gel တစ်ခုပါ။ ဈေးနှုန်းကလည်း အလယ်အလတ်ဖြစ်တာကြောင့်လည်း အားလုံးလက်လှမ်းမှီ ကြပါတယ်။ အလှကုန်ဆိုင်တွေနဲ့ အွန်လိုင်းမှာ ဝယ်ယူလို့ရနိုင်ပါတယ်။ ထုတ်လုပ်တဲ့နိုင်ငံပေါ်မူတည်ပြီး ဈေး အနည်း၊ အများကွဲပြားနိုင်ပါတယ်နော်။

Neutrogena Hydro Boost Water Gel ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို ပျိုမေတို့ သတိထားမိအောင် ပြောပြပေးမယ်နော်။ Neutrogena Hydro Boost Water Gel မှာ သက်တမ်းလို့ခေါ်တဲ့ Exp ရက်စွဲကတော့ (၂)နှစ်ပါ။ ဖြည်းဖြည်းအသုံးပြုလို့ရပါတယ်။ ဒိတ်အောက်သွားမှာကို မစိုးရိမ်ရတာကတော့ ပထမအားသာချက်ပါ။ Water gel ဆိုတဲ့အတိုင်း အသားအရေကို အစိုဓါတ်ဖြည့်ပေးတာပါ။ အစိုဓါတ်ကို ထိန်းပေးတဲ့အပြင် အသားအရေ ချောမွေ့စေပြီး နူးညံ့စေပါတယ်။

အသားအရေခြောက်သွေ့တဲ့ ပျိုမေတို့တွေ ရွေးချယ်သင့်ပါတယ်။ အဆီပါဝင်နှုန်းနည်းတာကြောင့်လည်း အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက်လည်း အဆင်ပြေပါတယ်။ လိမ်းလိုက်တဲ့အခါ အသားအရေ အေးသွားတဲ့ ခံစားချက်ကို ကြိုက်တယ်ဆိုရင်တော့ Neutrogena Hydro Boost Water Gel ကို ဝယ်ယူထားတာ မမှားပါဘူးနော်။ လိမ်းလိုက်တဲ့အခါ အေးမြတဲ့ ခံစားချက်ကို ရသွားပြီး အသားထဲ စိမ့်ဝင်သွားပါတယ်။ တခြား gel တွေလို အသားအရေပေါ်တင်နေတာမျိုးနဲ့ ချောကျိချောကျိ ဖြစ်နေတာမျိုး လုံးဝမဖြစ်တဲ့အတွက် ရွေးချယ်ပေးသင့်တဲ့ water gel တစ်ခုပါ။ အသားအရေထဲကို လျင်လျင်မြန်မြန် စိမ့်ဝင်တာကြောင့် အကြာကြီးလိမ်းစရာမလိုပါဘူး။ တစ်ရက် နှစ်ကြိမ် ပုံမှန်အသုံးပြုပေးလို့ရပါတယ်။ အသားအရေ အားလုံးနဲ့ အဆင်ပြေပါတယ်။

Neutrogena Hydro Boost Water Gel မှာ hyaluronic acid ပါတာနဲ့ မပါတာ နှစ်မျိုးရှိပါတယ်။ သတိထားပြီး ဝယ်ဖို့ လိုပါတယ်။ Acid မပါတဲ့ water gel ရိုးရိုးကတော့ ပြဿနာမရှိပေမယ့် hyaluronic acid ပါတဲ့ အမျိုအစားက အသားအရေတိုင်းနဲ့ အဆင်မပြေပါဘူးနော်။ ပျိုမေတို့ ဝယ်ယူတဲ့အခါ ဘူးအခွံကို သေသေချာချာ ဖတ်ကြည့်ပြီးမှ ဝယ်ယူဖို့ သတိပေးလိုက်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password