အဆီနဲ့ ချွေးပေါက်???

အားလုံးပဲမင်္ဂလာပါရှင့်။ ဒီနေ့မှာတော့ အဆီပြန်ပြီး ချွေးပေါက်တွေ ကျယ်နေလို့ စိတ်ညစ်နေရတဲ့ Beauties တို့အတွက် Product ကောင်းလေးတခု မိတ်ဆက်ပေးချင်ပါတယ်။ အရေအသွေးကောင်းမွန်လွန်းပြီး သုံးစွဲသူတွေရဲ့ ယုံကြည်မှုကို အပြည့်အဝရထားတဲ့ Neutrogena ရဲ့ It Matters Primer Stick လေးဟာ မျက်နှာပြင်ရှိချွေးပေါက်တွေကို ကျဉ်းစေနိုင်ရုံသာမက အဆီပြန်မှုကိုလည်းထိန်းထားပေးနိုင်ပါတယ်။

ချွေးပေါက်များကို ဖုံးအုပ်ပေးပြီး သေသပ်လှပတဲ့အသားအရေကို ဒီ Stick လေးအသုံးပြုခြင်းအားဖြင့် ရရှိနိုင်ပါတယ်။ ဒါ့အပြင် Non Greasy Formula ကြောင့် ၁၂ နာရီကြာ အဆီများကို ထိန်းထားပေးနိုင်ပါတယ်။ အသားအရောင်မညီခြင်းများကို ထိန်းညှိပေးပြီး ကျန်းမာသန်စွမ်းတဲ့ Look ဖြစ်အောင် ကူညီထောက်ပံ့ပေးပါတယ်။

အသုံးပြုတဲ့အခါ မျက်နှာတဝိုက်လုံးသာမကပဲ T Zone နေရာလေးတွေကို အဓိကထားလိမ်းပေးရပါမယ်။ လက်လေးနဲ့ အသာအယာညှိလို့ အဆင်ပြေပါတယ်။ မိတ်ကပ်အောက်က ခံလိမ်းနိုင်သလို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာလည်း တမျိုးတည်း အသုံးပြုနိုင်ပါတယ်။ သယ်ယူရလွယ်ကူအောင် Stick ပုံစံအမျိုးအစားထုတ်လုပ်ထားတဲ့အတွက်ကြောင့် အလွယ်တကူ သယ်သွားနိုင်ပြီး အချိန်မရွေး အသုံးပြုနိုင်ပါတယ်။

ဈေးနှုန်းအားဖြင့် 9 $ သာကျသင့်ပြီး ဝယ်ယူအသုံးပြုလိုပါက Branded Online Shop တို့ကတဆင့်မှာယူရရှိနိုင်ပါတယ်။ ထုတ်ကုန်အသစ်လေးဖြစ်တာကြောင့် မှာယူမယ်ဆိုရင်တော့ ကြိုတင် အော်ဒါတင်ထားမှ အဆင်ပြေမယ်နော်။

https://www.neutrogena.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password