အသားအရေခြောက်သွေ့တာကို ၄၈ နာရီတိုင်အောင် ကာကွယ်ပေးမယ့် Nivea Extended Moisture Lotion

ဆောင်းရာသီကို ဝင်လာပြီဆိုတော့ ရာသီဥတုအေးလာတာနဲ့အတူ အသားအရေခြောက်သွေ့တာကိုလည်း ကြုံတွေ့ရတော့မှာပါ။ မျက်နှာအသားအရေကိုတော့ နေ့စဉ်ဂရုစိုက်နေတာကြောင့် ဆောင်းရာသီမှာ ပြဿနာမရှိပါဘူး။ ဂရုစိုက်နည်းတဲ့ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေမှာ အသားပတ်တာ၊ အသားခြောက်တာနဲ့ ကွက်အက်တာတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် လက်၊ ပေါင်နဲ့ ခြေထောက်မှာ သိသာထင်ရှားပါတယ်။ အသားအရေခြောက်သွေ့ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာက အချိန်မတန်ခင် အိုမင်းရင့်ရော်လာတာပါ။ အသားအခြောက်သွေ့တာကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ body lotion နေ့စဉ်မှန်မှန် လိမ်းပေးခြင်းပါ။

Nivea Extended Moisture Lotion ကတော့ ပျိုမေတို့နဲ့ အရင်းနှီးဆုံး ပစ္စည်းတစ်ခုပါ။ Nivea Extended Moisture Lotion ဟာဆိုရင် အသားအရေခြောက်သွေ့တာကို ကာကွယ်ပေးပြီး အသားအရေကို စိုစွတ်လာစေပါတယ်။ တစ်ခါအသုံးပြုထားမယ်ဆိုရင် ၄၈နာရီတိုင်အောင် အသားအရေကို အထောက်အပံ့ပေးပါတယ်။ အမွှေးအကြိုင်ပါတဲ့ lotion တွေက လူတိုင်းနဲ့မတည့်ပါဘူး။ Nivea Extended Moisture Lotion ကတော့ ဒီပြဿနာတွေ ကင်းဝေးစေပါတယ်။ Nivea Extended Moisture Lotion ဟာဆိုရင် ယုံယုံကြည်ကြည် စိတ်ချစွာ အသုံးပြုနိုင်တဲ့ body lotion တွေထဲက တစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းအသင့်တင့်ရှိတာကြောင့် လူတိုင်းလက်လှမ်းမီတာက Nivea Extended Moisture Lotion
ရဲ့ အားသာချက်တစ်ခုပါ။ နေ့စဉ် ဒါမှမဟုတ် ရက်ခြားပြီး ပုံမှန်အသုံးပြုနိုင်ပါတယ်။

Nivea Extended Moisture Lotion ရဲ့ အညွှန်းမှာ အသားအရေပျက်စီးတာကို ကာကွယ်ပေးတာ၊ အသားအရေ တောက်ပစေတာ၊ အသားအရေမညီတာကို ကာကွယ်ပေးတာနဲ့ anti-cellulite စတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်လို့ ညွှန်းထားပါတယ်။ Body lotion အများစုက အသားအရေခြောက်သွေ့တာကို ကာကွယ်ပေးပြီး စိုပြေမှုကို ရရှိစေပါတယ်။ Whitening ပါတဲ့ body lotion တွေမှာတော့ အသားဖြူလာတာကို တွေ့ရပါတယ်။ ဒီလို အသားဖြူလာတယ်ဆိုတာကလည်း နဂိုအခံ အသားဖြူတဲ့သူတွေမှသာ တွေ့ရတာပါ။ Body lotion တွေက ဒီထက်ပိုပြီးလည်း အသားအရေပြဿနာကို မဖြေရှင်းနိုင်ပါဘူး။

Nivea Beiersdorf ဟာဆိုရင် ကမ္ဘာတစ်ဝှမ်းလူသိများပြီး ထင်ရှားကျော်ကြားတဲ့ brand တစ်ခုပါ။ ကမ္ဘာတစ်လွှားမှာ ကုမ္မဏီရုံးခွဲတွေ အများကြီးရှိပါတယ်။ ဈေးကွက်ထဲမှာ အလွယ်တကူရရှိနိုင်တဲ့ Nivea ကို ထိုင်းနိုင်ငံကနေ တရားဝင် တင်သွင်းဖြန့်ချီထားတာပါ။ အွန်လိုင်းမှာတော့ ဂျပန်နဲ့ ဂျာမဏီက ထုတ်တဲ့ Nivea ထုတ်ကုန်တွေကိုလည်း မှာယူရောင်းချလာတာကို တွေ့ရပါတယ်။
ဆောင်းရာသီမှာ အသားအရေခြောက်သွေ့တာတွေ မဖြစ်အောင် body lotion မှန်မှန်လိမ်းဖို့ သတိရပေးပါနော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password