ညို့ငင်အားကောင်းတဲ့မျက်ဝန်းတစ်စုံနဲ့ လိုက်ဖက်တဲ့ nude color နှုတ်ခမ်းလေးတွေ ဖန်တီးကြမယ်

ခုနောက်ပိုင်းမှာ နှုတ်ခမ်းနီကို အရောင်ရင့်တာကြီးတွေမဆိုးဘဲ အရောင်နုတဲ့ nude color လေးတွေကိုသဘောတွေ့နေကြပါတယ်။အရာင်အနည်းငယ်ရင့်တဲ့ nude လေးတွေက အသားဖြူတဲ့လူတွေနဲ့ လိုက်ဖက်သလို အရောင်နုလေးတွေက အသားညိုသူတွေနဲ့ လိုက်ဖက်ပါတယ်။  အဲ့လို nude lipstick လေးတွေက Smokey eye လို့ခေါ်တဲ့ look တွေနဲ့ လိုက်ဖက်ပြီးအထာကျပါတယ်။ မျက်ဝန်းနက်တစ်စုံ ရယ် အရာင်ဖျော့ဖျော့ နှုတ်ခမ်းလွှာတစ်ခုက သင့်ကို တောက်ပမှုအမြင့်ဆုံးပေးနိုင်မှာပါ။ ဒါပေမယ့် nude color လေးတွေမဆိုးခင်နှုတ်ခမ်းလေးကို scrub လေးလုပ်ပြီး lip balm လေးခံပြီး မှ ဆိုးပေးပါ။ နှုတ်ခမ်းရဲ့ ပင်ကိုအရောင်ကညိုနေရင်လည်း nude color တွေက အရောင်ထွက်မှန်မှာမဟုတ်လို့ပါ။ Nude color line ကတော့ အရောင်တွေအများကြီးရှိပါတယ်။ လိမ္မော်ရောင်ဘက်သွားတဲ့ nude၊ မိတ်ကပ်ရောင်Nude color လေးတွေ၊ အညိုရောင် စသဖြင့် အမျိုးမျိုးရှိပါတယ်။ မိမိနဲ့လိုက်ဖက်တဲ့အရောင်ကိုမရွေးတတ်လို့လည်း စိတ်မပူပါနဲ့ ။ အသဲတို့ စိတ်ကြိုက်ရွေးနိုင်အောင် ပုံလေးတွေနဲ့ပါ တင်ဆက်ပေးလိုက်ပါတယ်နော်။

<

 

 

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password