အပြစ်အနာဆာကင်းပြီးမျက်နှာလင်းဝင်းတောက်ပမှုကိုပေးစွမ်းတဲ့…..

မျက်နှာမှာချွေးပေါက်လေးတွေအများကြီးရှိလို့စိတ်ညစ်နေပါသလား? ချွေးပေါက်လေးတွေကြောင့်အဆီပြန်တာ၊ ဖုန်နဲ့အညစ်ကြေးတွေအလွယ်တကူကပ်တာ၊ ဝက်ခြံထွက်တာမျိုးဖြစ်စေပါတယ်။ ဒါကြောင့်ချွေးပေါက်လေးတွေပျောက်ကင်းစေဖို့အတွက် သဘာဝနည်းလမ်းလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်။ ပန်းသီးရှလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေစားပွဲတင်ဇွန်း ၅ ဇွန်းကိုရောပြီး spray ဘူးအလွတ်ထဲမှာထည့်ထားပါ။ မျက်နှာသစ်ပြီးတိုင်း အဲ့ဒီရေလေးနဲ့ဖျန်းလိုက်ပြီးခြောက်အောင်ထားပါ။ ဒီအရည်ကို Moisturizer အနေနဲ့လည်းအသုံးပြုလို့ရပါတယ်။ ပြီးတော့အသားရေရဲ့ PH အဆင့်ကိုထိန်းညှိပေးလို့အရေပြားကူးစက်ရောဂါတွေကိုတိုက်ထုတ်ပေးနိုင်ပါတယ်။နေ့စဉ်သုံးစွဲပေးခြင်းဖြင့်ချွေးပေါက်ကင်းစင်သောမျက်နှာအသားရေကိုပိုင်ဆိုင်စေပါတယ်။ ချွေးပေါက်မရှိတဲ့မျက်နှာလေးဆိုမိတ်ကပ်လိမ်းတဲ့အခါမှာလည်းကွက်နေတာမျိုးမဖြစ်ဘဲ မိတ်ကပ်သားလေးတင်းရင်းလှပနေပါတယ်။ ဒီတော့ချွေးပေါက်ကင်းစင်တဲ့မျက်နှာလေးပိုင်ဆိုင်နိုင်ဖို့အချိန်မကုန်၊လူမပင်ပန်းတဲ့အခုအိမ်တွင်းကုထုံလေးလုပ်လိုက်ကြစို့။

Foundation ကောင်းကောင်းသုံးချင်တဲ့ပျိုမေတွေအတွက် NYX မှထုတ်လုပ်တဲ့ Foundation လေးတစ်မျိုးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Foundation လေးကတော့ Mineral Stick Foundation လေးဖြစ်ပါတယ်။ ဒီ Foundation ရဲ့ဘူးပုံသဏ္ဍန်ကဘယ်နေရာသွားသွားသယ်ရတာလွယ်ကူပြီး လိမ်းတဲ့အခါမှာလည်းမိတ်ကပ်အသားရေကိုညက်ညက်လေးနဲ့တင်းရင်းလှပစေပါတယ်။

Liquid-type မဟုတ်တဲ့အတွက် အဆီပြန်တတ်တဲ့သူတွေအတွက်အရမ်းဆင်ပြေပါတယ်။ luxurious formula နဲ့တီထွင်ထုတ်လုပ်ထားတဲ့အတွက် လိမ်းရတာလွယ်ကူပြီး အပြစ်အနာဆာကင်းတဲ့မျက်နှာကိုပိုင်ဆိုင်စေပါတယ်။ မျက်နှာအသားရေမထိခိုက်အောင် ကြားခံအလွှာအနေနဲ့လည်းကာကွယ်ပေးပါတယ်။ နေပူထဲသွားလာနေရတဲ့ပျိုမေတွေလည်းမျက်နှာအသားရေထိခိုက်မှာစိုးရိမ်စရာမလိုတော့ဘူးပေါ့။ ဒီ versatile foundation ကအရောင် ၁၅ ရောင်ရှိတဲ့အတွက် အသားရေနဲ့လိုက်ဖက်တဲ့အရောင်ကိုရွေးချယ်အသုံးပြုလို့ရပါတယ်။ နူးညံ့စိုပြေလှပတဲ့အသားရေကို ပိုင်ဆိုင်ချင်ရင်တော့ NYX ရဲ့ Mineral Stick Foundation ကပေးစွမ်းနိုင်တဲ့အတွက် ဝယ်သုံးသင့်တယ်နော်။

           

အသုံးပြုပုံကလည်းအခြား Foundation တွေလိမ်းသလိုပါပဲ။ ပျိုမေတို့အသားရေနဲ့လိုက်ဖက်တဲ့ အရောင်တစ်ခုကိုရွေးချယ်ပြီး မျက်နှာပေါ်လိုက်တို့ပေးပါ။ ပြီးရင် Sponge (သို့မဟုတ်) brush လေးနဲ့မျက်နှာတစ်ပြင်လုံးအနှံ့လိမ်းပေးပါ။ မိတ်ကပ်သားပြောင်ပြောင်အိအိလေးနဲ့ တင်းရင်းလှပစေပါတယ်။ အလှပချစ်မြတ်နိုးတဲ့ပျိုမေတွေ NYX Mineral Stick Foundation ကိုလိမ်းပြီးလှပနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဒီပစ္စည်းရဲ့ စျေးနှုန်းကိုသိချင်ရင်တော့ ဒီမှာ ဝင်ကြည့်လို့ရပါတယ်။

Image source : https://www.nyxcosmetics.com/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password