အမာရွတ်တွေကို ပျောက်ကင်းစေနိုင်တဲ့အဆီများ

ဝက်ခြံတွေကြောင့်ပဲ ဖြစ်ဖြစ်၊ တစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ် အသားအရေအပေါ်မှာ အမာရွတ်လေးတွေ ဖြစ်ပေးလာတတ်ပါတယ်။ အမာရွတ်လေးတွေ အမည်းစက်လေးတွေကြောင့် အလှလျော့နည်းသွားတတ်ပါတယ်။ ဒီအတွက်ကတော့ သဘာဝတရားကြီးက ပေးစွမ်းထားတဲ့အဆီတွေ ရှိပြီးသားပါ။ အခုပြောပြေပေးမယ့်အဆီလေးတွေကို အမည်းစက်လေးတွေ၊ အမာရွတ်လေးတွေ အပေါ်မှာ နေ့စဉ်မှန်မှန် လိမ်းပေးမယ်ဆိုရင်တော့ အရောင်တဖြည်းဖြည်းမှိန်လာပြီး အသားအရေလေးကို ကြည်လင်ဝင်းပ လာစေနိုင်ပါတယ်။

အုန်းဆီ

အုန်းဆီလို့ ဆိုလိုက်တာနဲ့ ဆံပင်သန်အောင် လိမ်းပေးရတာမျိုးကိုပဲ သိထားကျတာများပါတယ်။ အုန်းဆီကတော့ ဆံသားတွေ သန်စွမ်းဖို့အတွက်တင်မကဘဲ အသားအရေမှာ ရှိတဲ့အမာရွတ်တွေ၊ အမည်းစက်လေးတွေကိုပါ သက်သာ ပျောက်ကင်းစေနိုင်တဲ့အစွမ်း ရှိပါတယ်။ အသုံးပြုပုံအနေနဲ့ကတော့ အုန်းဆီစစ်စစ်ကို အမာရွတ်လေးတွေ အပေါ်မှာ လိမ်းပေးလိုက်ရုံပါပဲ။ ညအိပ်ယာဝင်ခါနီးအချိန်မှာ လိမ်းပြီး အိပ်ယာဝင်လိုက်တာမျိုးလည်း ပြုလုပ်လို့ ရပါတယ်။ အုန်းဆီရဲ့ နောက်အစွမ်းတစ်ခုကတော့ အနာတရ တစ်ခုခု ဖြစ်တဲ့အချိန်မှာလည်း အနာအပေါ် လိမ်းပေးလိုက်တာကတော့ အနာကျက်မြန်စေသလို အမာရွတ် ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်ပါသေးတယ်။

မုန်ညှင်းဆီ

 

အကြောအချင်တွေ ညောင်းညာတဲ့အချိန်မှာ မုန်ညှင်းဆီကို လိမ်းပြီး နှိပ်နယ်ပေးမယ်ဆိုရင် အကြောတွေကိုု ပြေပြီး ပေါ့ပါးသွားစေနိုင်တာကိုတော့ လူတိုင်း သိပြီးသား ဆိုပေမယ့် အလှအပအတွက် အသုံးတည့်ပုံကိုတော့ လူသိနည်းပါတယ်။ မုန်ညှင်းဆီကို အမာရွတ်တွေ၊ အမည်းစက်တွေ အပေါ်မှာ အသားထဲ စိမ့်ဝင်သွားအောင် ပွတ်ပြီး လိမ်းပေးမယ်ဆိုရင်တော့ အမာရွတ်တွေက တဖြည်းဖြည်း အရောင်မှိန်ပြီး ပျောက်ကင်းသွားမှာပဲ ဖြစ်ပါတယ်။ အမာရွတ်တွေတင်မကဘဲ အကြောပြတ်ရာတွေ အပေါ်မှာပါ လိမ်းပေးလို့ ရပါသေးတယ်။

သံလွင်ဆီ

ကိုယ်ခန္ဓာဆိုတာကတော့ ဆဲလ်တွေ ပြုပြင် ြေ(၂) အသားအရေကို ကြည်လင်သွားစေမယ့် ဆနွင်းနဲ့ မျက်နှာပေါင်းတင်နည်းပာင်းလဲနေတဲ့အရာပဲ ဖြစ်ပါတယ်။ ဆဲလ်သစ်တွေ ဖြစ်ပေါ်လာလိုက် ဆဲလ်တွေ သေသွားလိုက်နဲ့ လည်ပတ်နေပါတယ်။ အသားအရေမှာ ပျက်စီးနေတဲ့ဆဲလ်သေတွေ ရှိနေတာကတော့ အလှအပကို လျော့နည်းစေတဲ့အမာရွတ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သံလွင်ဆီကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ဆဲလ်သစ်တွေ ဖြစ်ပေါ်မှုကို အားကောင်းစေနိုင်တဲ့အတွက် အမာရွတ်တွေ၊ အမည်းရွတ်တွေကို အမြန်ဆုံး ပျောက်ကင်းစေနိုင်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password