
အားလုံးပဲ မင်္ဂလာပါရှင့်။ ဒီနေ့မှာတော့ ဆံနွယ်လေးတွေကို တန်ဖိုးထားပြီး ပျက်စီးနေလို့ စိတ်ညစ်နေရတဲ့ Beauties တို့အတွက် သတင်းကောင်းလေး ဝေမျှပေးချင်ပါတယ်။ Pomegranate & Cassis Elasticizer ကို Philip Kingsley ကထုတ်လုပ်ထားတာဖြစ်ပြီး Pre-Shampoo Treatment အမျိုးအစားဖြစ်ပါတယ်။
Pomegranate & Cassis Elasticizer ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ ရှင်းလင်းရခက်တဲ့ ဆံနွယ်တွေကို အလွယ်တကူ ရှင်းလင်းပေးနိုင်တဲ့အပြင် ဆံသားကြံ့ခိုင်မှုရှိအောင် အားဖြည့်ပေးပါတယ်။ ဒါတင်မကသေးဘဲ ဆံသားအရောင် တောက်ပြောင်ပြီး နူးညံ့အိစက်တဲ့ ဆံသားမျိုးကို ဖန်တီးပေးပါတယ်။ ရနံ့အားဖြင့် Pomegranate နဲ့ Sweet Cassis တို့ကို အခြေခံထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် စိတ်ကို လန်းဆန်းတက်ကြွစေမှာပါ။ ဆံသားအားလုံးအသုံးပြုရန်သင့်တော်ပြီး Luxurious Shampoo အမျိုးအစားဖြစ်ပါတယ်။
ခေါင်းမလျှော်ခင်မှာ အသုံးပြုရမှာဖြစ်ပြီး အရင်ဦးဆုံးအနေနဲ့ ဆံသားတွေ စိုစွတ်အောင်ပြုလုပ်ထားဖို့တော့လိုပါမယ်။ ဆံသားစိုစွတ်အောင်ပြုလုပ်တဲ့အခါမှာ မိမိအသုံးပြုနေကျ ဘီးကို ရေစွတ်ပြီး ခေါင်းဖီးပေးခြင်းအားဖြင့် ဆံသားတွေစိုစွတ်အောင်ပြုလုပ်နိုင်ပါတယ်။ ပြီးနောက်မှာတော့ ဆံသား အလယ်မှာ အဖျားတိုင်အောင် လိမ်းပေးရပါမယ်။ ဆံသားထူရင်ထူသလို ဆံသားထဲထိ စိမ့်ဝင်အောင် လိမ်းပေးရပါမယ်။ အပူဟာ ဆံသားကို စုပ်ယူမှုအားကောင်းစေရန်ထောက်ပံ့ပေးနိုင်တာကြောင့် ဆံပင်ကို Shower Cap ဒါမှမဟုတ် Towel နဲ့ မိနစ် ၂၀ခန့် အုပ်ထားပေးသင့်ပါတယ်။ ဒါမှမဟုတ် ခေါင်းကိုပေါင်းပြီး မနက်ကျမှ လျှော်ချလိုက်လို့လည်း ရပါတယ်။ ပြီးရင်တော့ ပုံမှန်အတိုင်း Shampoo, Conditioner အသုံးပြုပြီး လျှော်လိုက်လို့ရပါတယ်။ ဆံပင်အရောင်ဆိုးဆိုးပြီးချင်းမှာ အသုံးပြုဖို့တော့ မသင့်တော်ပါဘူး။ အရောင်အပြောင်းအလဲ ဖြစ်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်နော်။ အသုံးပြုပြီးနောက်မှာတော့ ဆံသားနှစ်ခွဖြစ်ခြင်းနဲ့ ဖွာခြင်းတို့ သိသိသာသာ သက်သာလာတာကိုတွေ့မြင်ရမှာပါ။
ဈေးနှုန်းအားဖြင့် 34 $ ကျသင့်ပြီး Branded Online Collection တို့မှာ မှာယူရရှိနိုင်ပါတယ်။