Pixi Glow Tonic Toner လေးနဲ့ ဆဲလ်သေတွေဖယ်ရှားကြမယ်

ဟေးချစ်တို့ရေ ဒီနေ့မှာအရမ်းကိုဟော့ဖြစ်နေတဲ့ glow tonic toner ကောင်းကောင်းလေးနဲ့မိတ်ဆက်ပေးမယ်နော်။ ဒီ toner လေးကတော့ Pixi ကထုတ်လုပ်ထားတာဖြစ်ပြီး 2017 ရဲ့ Acne award ရထားတဲ့ toner လေးလဲဖြစ်ပါတယ်။

ဒီ toner လေးမှာဆိုရင်ဖြင့် ဂလိုက်ကိုလစ် အက်ဆစ် ငါးရာခိုင်နှုန်းခန့်ပါဝင်တာကြောင့် မျက်နှာအသားအရေရှိဆဲလ်သေများကို ဖယ်ရှားသန့်စင်ပေးပြီး မျက်နှာပြင်က အသားအရေမွဲခြောက်ခြောက်ဖြစ်ခြင်းတွေကိုဖယ်ရှားသန့်စင်ပေးပါတယ်။ အတွင်းဆုံးအပိုင်းရှိဆဲလ်သစ်တွေပြန်လည်ပေါက်ဖွားစေနိုင်တဲ့အတွက်ကြောင့် မျက်နှာအသားအရေဟာ အရင်ကနဲ့မတူဘဲကျန်းမာစိုပြေလာပါတယ်။ ဒါတင်ပဲလားဆိုတော့ ရှားစောင်းလပ်ပပ်နဲ့ ဂျင်စင်းတို့ပါဝင်တာကြောင့် မျက်နှာအသားအရေကိုရေဓါတ်၊ အောက်စီဂျင်ဓာတ်တွေ လုံလောက်စွာပြန်လည်ဖြည့်တင်းပေးပြီး ဆဲလ်တွေကျန်းမာဖို့ရန်နဲ့ အသားအရေကျုံ့နိုင်၊ဆန့်နိုင်မှုအားကောင်းလာစေဖို့ပံ့ပိုးပေးပါတယ်။ ချွေးပေါက်မှာပိတ်ဆို့နေတဲ့အညစ်အကြေးများကိုဖယ်ရှားသန့်စင်ပေးပြီး သွေးလည်ပတ်မှုပိုမိုအားကောင်းစေတာကြောင့် တကယ့်ကိုသဘာဝအတိုင်းကြည်လင်လာစေပါတယ်။

Oil နဲ့ Alcohol-Free ဖြစ်တဲ့အတွက်ကြောင့် အသားအရေမရွေး၊ အသက်အရွယ်မရွေးအသုံးပြုလို့ရပါတယ်။ အသုံးပြုတဲ့အခါမှာလည်းမျက်နှာသစ်ပြီးတဲ့အခါမှာ cotton pad အပေါ်ပမာဏအနည်းငယ်ထည့်ပြီး  အသုံးပြုရပါမယ်။ အထူးသဖြင့်ချွေးပေါက်တွေရှိတဲ့နေရာမျိုးမှာ ပိုမိုသတိထားပြီး ချွေးပေါက်တွေကိုသန့်ရှင်းပေးရပါမယ်။

မနက်တကြိမ်၊ ညတကြိမ်ပုံမှန်အသုံးပြုခြင်းအားဖြင့် နေရောင်ခြည်ကြောင့်ပျက်စီးသွားခြင်းတွေ၊ အရေးအကြောင်းတွေ၊ အမာရွတ်တွေနဲ့မျက်နှာပြင်ပေါ်ရှိဖြစ်ပေါ်နေတဲ့ပြဿနာများအားလုံးတဖြည်းဖြည်းသက်သာပျောက်ကင်းလာတာကိုတွေ့မြင်ရမှာပါ။ Review အရမ်းကောင်းတဲ့အပြင် Quality ပိုင်းကလည်းအရမ်းကောင်းမှတော့ပြောစရာမလိုအောင် Perfect ပဲပေါ့။

 

Image source : pixibeauty.co.ukwww.facebook.com/PixiBeautyPH

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password