နွေရာသီရဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေမပျက်စီးကြရအောင်

ပျိုမေတို့ရေ အခုဆိုရင် နွေရာသီကာလကို ရောက်ရှိလို့လာပြီဆိုတော့ နေ့လည်ခင်း နေရောင်ခြည်ဟာလည်း ခါတိုင်းထက်ပိုပြီး ပူပြင်းလာနေပြီပေါ့နော်။ ဒီနေ့ ခရမ်းလွန်ရောင်ခြည်ထွက်ရှိမှုအားဟာလည်း ပိုမိုများပြင်း ပြင်းထန်လာနေပါပြီ။ ဒီလိုအချိန်မှာဆိုရင် အသားအရေကို နေလောင်ဒဏ်ကို ကာကွယ်ပေးဖို့ မဖြစ်မနေကို အရေးကြီးနေပါပြီ။ ဒါကြောင့် ဒီတစ်ခေါက်တော့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ cosmetic လေးတစ်မျိုးအကြောင်းကို ပြောပြပေးချင်ပါတယ်။ အဲဒီပစ္စည်းလေးကတော့ PIXI အမှတ်တံဆိပ်ကနေ ထုတ်လုပ်ထားတဲ့ Sun Mist လေးပဲဖြစ်ပါတယ်။

ဒီ PIXI ရဲ့ Sun Mist လေးကို Chamomile နဲ့ Bamboo တို့မှ ထုတ်ယူရရှိတဲ့ အဆီအနှစ်များမှ ထုတ်လုပ်ထားပြီးတော့ SPF 30 ပါဝင်တဲ့အတွက် နေရောင်ခြည်ကထွက်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ညိုမည်းခြင်း၊ ပျက်ဆီးခြင်း၊ နေလောင်ခြင်း စတဲ့ အသားအရေပြဿနာတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ နေရောင်ခြည်ဒဏ်ကြောင့် စောစီးစွာ အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီကာကွယ်နိုင်ပါသေးတယ်။ အသုံးပြုပေးရာမှာလည်း စေးကပ်မှုကို မခံစားရစေဘဲ ပေါ့ပေါ့ပါးပါးနဲ့ အေးမြလန်းဆန်းမှုကို ခံစားရစေပါတယ်။ အသုံးပြုရလည်းလွယ်ကူပြီး အသားအရေ ယားယံခြင်းလည်း မဖြစ်စေပါဘူး။

အသုံးပြုပေးရမယ့်ပုံစံကတော့ အသုံးမပြုခင်မှာ ဘူးလေးကို သေချာစွာ လှုပ်ယမ်းပေးပါ။ နေရောင်ခြည်ထဲ မထွက်ခင် ၁၅မိနစ်အလိုလောက်မှာ အသုံးပြုပေးပါ။ ရေကူးပြီးနောက် မိနစ် ၄ဝလောက်အကြာမှာ အသုံးပြုပေးပါ။ ချွေးထွက်တဲ့အခါ မျက်နှာသုတ်ပဝါနဲ့ သုတ်ပေးပြီး နှစ်နာရီခြားတစ်ခါလောက် အသုံးပြုပေးသင့်ပါတယ်။

 

 

 

 

Image Source –pixibeauty.co.uk

www.instagram.com/pixibeauty

web.facebook.com/PixiBeauty/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password