Galaxy ကြယ်တန်းလေးတွေလို လင်းလက်နေစေမယ့် Pony Effect ရဲ့ Galaxy Lip Gloss

Beauty Blogger တွေထဲမှာ K-beauty ပရိသတ်တွေသာမက အခုနောက်ပိုင်း Western makeup ချစ်သူတွေကြားပါ နာမည်ကြီးလာတဲ့ Pony ရဲ့ ကိုယ်ပိုင် brand Pony Effect ကို တော်တော်များများ သိပြီးသားဖြစ်မှာပါ။ အခုမိတ်ဆက်ပေးမယ့် lip gloss ကလည်း Pony Effect ကထုတ်ထားတာပဲဖြစ်ပါတယ်။

ဒီ Galaxy Lip Gloss လေးမှာ အရောင် သုံးမျိုးလာပါတယ်။ ဒီအရောင်လေးတွေကတော့

၁။ Stardust – အကြည်ရောင် ဒီ Stardust လေးကတော့ holographic ဆန်ဆန် အရောင်ပြေးလေးဖြစ်တာကြောင့် တစ်မျိုးလေးဆန်းပါတယ်။

၂။ Meteor – Meteor ကတော့ ရွှေရောင်၊ ငွေရောင်နဲ့ ခရမ်းရောင် ပုလဲအရောင်ပြေးလေးတွေပါတဲ့ ပန်းရောင်အရင့်လေးဖြစ်တာကြောင့် ပျိုတို့တော်တော်များများ အကြိုက်တွေ့မယ့်အရောင်လေးဖြစ်ပါတယ်။


၃။ Cosmo – ရွှေရောင်နဲ့ ပန်းနုရောင်ပါတဲ့ ဒီ Cosmo လေးကတော့ အရောင်နုကြိုက်တဲ့ပျိုတွေအတွက်ပါ။

Galaxy လို့နာမည်ပေးထားတဲ့အတိုင်း အရောင်သုံးမျိုးလုံးက pearl glitter လေးတွေနဲ့ အရောင်ပြေးလေးတွေပါတာကို တွေ့ရပြီး gloss ဖြစ်လို့ ပြောင်ပြောင်လေးလည်းဖြစ်နေစေမှာပါ။ ဒီ lip gloss လေးရဲ့အားသာချက်ကတော့ နှုတ်ခမ်းနီဆိုးတဲ့ applicator လေးက လက်ချောင်းလိုမျိုး အလယ်မှာဖောင်းတဲ့ပုံလေးလုပ်ထားတာကြောင့် နှုတ်ခမ်းနီဆိုးတဲ့အခါ ပိုပြီးလွယ်ကူစေပါတယ်။ ဒါ့အပြင် gloss ဖြစ်ပေမယ့် ကပ်စီးစီးလည်းမဖြစ်လို့ gloss ကိုကြိုက်ပေမယ့် ဆိုးပြီးရင်ရတဲ့ texture ကိုမကြိုက်တဲ့ပျိုတွေအတွက်တော့ ဒီ gloss လေးကအဆင်ပြေစေမှာပါ။

ဒီ Galaxy Lip Gloss လေးက Pony ကထုတ်ထားတဲ့ ပစ္စည်းပီပီ quality လည်းကောင်းပြီး ခဏခဏလည်း sold out ဖြစ်တတ်တာကြောင့် အမြန်ဆုံး order ကြဖို့ လက်တို့လိုက်ပါတယ်နော်။

image references : www.instagram.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password