Photoshop လုပ်လိုက်သလို ချက်ချင်း ဆံပင်အရောင်ပြောင်းသွားစေမယ့် Hush hush ရဲ့ Prism Airbrush Spray

နွေရာသီရောက်လာပြီဆိုတော့ ပွဲတွေလမ်းတွေလည်းများလာပြီပေါ့နော်။ ဒီလို ပွဲတွေများတဲ့ရာသီမျိုးမှာ ပျိုတို့တွေအနေနဲ့ အလှဆုံး၊အလန်းဆုံးဖြစ်နေချင်ကြမှာလည်း မလွဲပါဘူး။ ပျိုတို့တွေအနေနဲ့ ဆံပင်တွေကို အရောင်ဆန်းလေးလည်းဆိုးချင်တယ်၊ permanent hairdye တွေနဲ့ဆိုးလို့ ဆံပင်ပျက်ဆီးမှာ ဦးရေပြားနဲ့မတည့်မှာလည်းစိုးရိမ်တယ်ဆိုရင်တော့ ဒီ Prism Airbrush Spray လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒီ Prism Airbrush Spray လေးကို hair product တွေမှာနာမည်ကြီးတဲ့ Hush ကနေထုတ်လုပ်ထားတာဖြစ်လို့ quality ကတော့စိတ်ချရပါတယ်။ ဒီ Prism Airbrush Spray လေးက temporary hairdye အမျိုးအစားဖြစ်ပြီး spray-on type ဖြစ်တာကြောင့် လွယ်ကူမြန်ဆန်စွာပဲ ကိုယ်ကြိုက်တဲ့အရောင်ကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ အရောင်တွေကလည်း Kaleidoscope pigments ပုံစံဖန်တီးထားတာကြောင့် တစ်ညီတစ်ညာတည်းဖြစ်ပြီး သဘာဝဆန်ဆန် ကိုယ့်ရဲ့ပင်ကိုယ်ဆံပင်နဲ့တစ်သားတည်းဖြစ်ပြီး တောက်ပနေစေနိုင်တယ်လို့ဆိုပါတယ်။

ဒီ  Prism Airbrush Spray မှာ အရောင်၇မျိုးရှိပါတယ်။ ပန်းရောင် Malibu Pink ကတော့ အပူအပင်ကင်းပြီး ခပ်မိုက်မိုက်ကောင်မလေးတစ်ယောက်အသွင်ကိုဖော်ပြပါတယ်။ အပြာတောက်တောက် Amethyst Haze ကတော့ လုံးဝကိုထင်းကနေဖြစ်သွားစေပြီးတော့ Teal Breeze ဆိုတဲ့ စိမ်းပြာရောင်လေးကတော့ ပင်လယ်ရေစပ်နားမှာဆိုရင် အစိမ်းရောင်ကနေ အပြာရောင်ကိုပြောင်းသွားသလိုပုံစံကို inspiration ယူထားတယ်လို့ဆိုပါတယ်။ အပြာရောင်စစ်စစ်ကိုလိုချင်ရင်တော့ Blue Moon ကို ရွေးချယ်နိုင်ပြီး Antique Red ကတော့ဘယ်တော့မှမရိုးတဲ့ metallic red ပါ။ ငွေရောင်ကိုမှကြိုက်တဲ့ပျိုလေးတွေအတွက်ကတော့ Tin(wo)man ကအသင့်တော်ဆုံးဖြစ်ပြီး အဝါရောင်တောက်တောက်လိုမျိုးကိုလိုချင်ရင်တော့ Lemon Drop ကိုရွေးချယ်သင့်ပါတယ်။

ဒီ Prism Airbrush Spray တွေမှာ Parabens-,Sulfates, Phthalates စတဲ့ ပစ္စည်းတွေမပါဝင်တာကြောင့် permanent hair dye နဲ့မတည့်တဲ့ပျိုတွေလည်းသုံးလို့ရပါတယ်။ ပြီးတော့ ကိုယ်ကြိုက်နှစ်သက်ရာ ombre color လေးဖန်တီးချင်ရင်လည်း ဒီ Prism Airbrush Spray လေးတွေက blend လုပ်ရတာလွယ်ကူလို့ ၂မျိုး၃မျိုးရောပြီးကိုယ်ကြိုက်ရာအရောင်ဆန်းလေးတွေဖန်တီးလို့လည်းရပါသေးတယ်။ ဒီလို အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတဲ့ Hushရဲ့ Prism Airbrush Spray လေးတွေကိုတော့ Sephora outlet တွေနဲ့ Sephora website ကနေတစ်ဆင့် ဝယ်ယူနိုင်ပါတယ်လို့လည်း သတင်းပေးလိုက်ရပါတယ်နော်။

 

 

References : www.sephora.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password