နေရောင်ခြည်ဒဏ်ကြောင့် အသားအရေ မပျက်စီးရလေအောင်

နေရောင်ခြည်ကတော့ ကောင်းကျိုးတွေ အများကြီး ပါဝင်တဲ့အရာ ဖြစ်သလို ကျန်းမာလှပခြင်းကိုလည်း ပံ့ပိုးပေးနိုင်တဲ့အရာဖြစ်ပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း မနက်ခင်း နေရောင်ခြည်ကတော့ ကောင်းကျိုးတွေကို သယ်ဆောင်လာသလို နေ့လည်ခင်း နေရောင်ခြည် ပြင်းပြင်းတွေကတော့ အသားအရေတွေကိုု ပျက်စီးစေနိုင်တာကို သတိပြုရမှာပဲ ဖြစ်ပါတယ်။ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်ရလေအောင် ပြုလုပ်ပေးရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

နံပါတ် တစ်ကတော့

နေရောင်ခြည်နဲ့ တတ်နိုင်သလောက် ဝေးဝေးနေပါ။ နေရောင်ခြည် ပြင်းတဲ့အချိန်တွေ ဖြစ်တဲ့ မနက်ခင်း ၁၀ နာရီနဲ့ ညနေခင်း ၃ နာရီ အတွင်းကို အရိပ်အောင်မှာပဲ နေထိုင်ပါ။ တကယ်လို့ အပြင် မသွားလို့ မရဘူး ဆိုရင်တော့ အောက်မှာ ပြောပြပေးမယ့်အချက်လေးတွေကို လိုက်တာပေးပါနော်။

နံပါတ် နှစ်ကတော့

နေရောင်ခြည်ကို ကာကွယ်ပေးနိုင်မယ့်အရာတွေကို ယူဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ ထီးဆိုရင်လည်း UV ပါတဲ့ထီးမျိုးကို ရွေးချယ်အသုံးပြုပေးပါ။ ဦးထုတ် ဆောင်းတဲ့အချိန်မှာလည်း အနည်းဆုံး ဦးထုတ်ရဲ့ လျှာက ၅ လက်မ ပတ်လည်ရှိတာမျိုးကို ရွေးချယ်ပေးဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။ အဝတ်အစား ဝတ်တဲ့အချိန်မှာလည်း လေဝင်လေထွက် ကောင်းမွန်စေမယ့် ချည်သားတွေနဲ့ နေရောင်ခြည်ကို ပြန်စေမယ့် အရောင်နုနုလေးတွေကို ရွေးချယ် ဝတ်ဆင်ပေးပါ။

နောက်ဆုံး အနေနဲ့ နံပါတ် သုံးကတော့

SPF ပါဝင်တဲ့ အလှကုန်တွေကို ရွေးချယ် အသုံးပြုပေးဖို့ အရေးကြီးပါတယ်။ Screen Cream ကို ရွေးချယ် အသုံးပြုတဲ့အချိန်မှာလည်း Sun Protection Factor ( SPF ) ပါဝင်မှု အနည်းဆုံး ၃၀ ပါဝင်တာကို ရွေးချယ် အသုံးပြုပေးပါနော်။ SPF ပါဝင်တဲ့အလှကုန်တွေကို အသုံးပြုပေးတာကတော့ နေလောင်ရာတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပြီး နေရောင်ခြည်ကြောင့် အသားအရေတွေ မပျက်စီးစေတော့ပါဘူး။

ဒီအချက်လေး သုံးချက်ကို ပြုလုပ်ပေးမယ် ဆိုရင်တော့ နေရောင်ခြည် ဘယ်လောက်ပဲ ပြင်းတဲ့နေရာမှာ ဖြစ်ပါစေ အသားအရေက နေရောင်ခြည်ကြောင့် ပျက်စီးသွားတာမျိုး မဖြစ်နိုင်တော့ပါဘူး။ နွေရာသီမှာ နေပူထဲထွက်မိလို့ နေလောင်ရာတွေ မဖြစ်ရလေအောင် ဒီနည်းလေးတွေကို ပြုလုပ်ပေးဖို့ မမေ့ပါနဲ့နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password