ပြည်တွင်းမှာလည်း ဝယ်ရလွယ်ပြီး အမှန်တကယ်အသုံးဝင်မယ့် Revlon ရဲ့ Colorstay Full Cover Foundation

အမျိုးသမီးတွေအနေနဲ့ မိတ်ကပ်ရွေးချယ်တဲ့ နေရာမှာ အဓိကအရေးကြီးတာကတော့ Foundtion ဆိုတာ လူတိုင်းသိပြီးသား ဖြစ်မှာပါနော်။ အပေါ်ယံ မိတ်ကပ်တွေ ဘယ်လောက်စျေးကြီးကြီး ဘယ်လောက်ဘဲကောင်းကောင်း အောက်ခံ foundation မကောင်းရင် မိတ်ကပ်ကွက်တာတွေ၊ အချိန်ကြာလာတာနဲ့အမျှ မညီမညာဖြစ်တက်တာမျိုးတွေကို ရင်ဆိုင်ရတက်ပါတယ်။

နောက်တခုက ဒီဘက်ခေတ်ကြီးထဲမှာ Brand မျိုးစုံ၊ မိတ်ကပ်မျိုးစုံ ထွက်နေတဲ့ကြားထဲက ကိုယ်ရွေးလိုက်တဲ့ မိတ်ကပ်ကြောင့် စိတ်အမြဲညစ်နေရတယ်ဆိုရင်လည်း မကိုက်သေးပါဘူးနော်။ ဒါဆို foundation ကောင်းကို ရွေးချယ်ဖို့ ဘာကိုအဓိကကြည့်ရမလဲဆိုတာ ပြောပြပေးမယ်နော်။ အကယ်၍ သင်ဟာ ရုံးဝန်ထမ်း၊ ကျောင်းသူ တယောက်ဖြစ်တယ်ဆိုပါဆို… ဒါဆိုရင်တော့ သေချာပါပြီ တနေ့လုံး မိတ်ကပ်တွေ မဖြစ်မနေလိမ်းကြရတော့မယ်နော်။ အဲ့ဒီအတွက် အနည်းဆုံး အချိန် ၈နာရီလောက်ကြာကြာခံမယ့် Foundation ကို မဖြစ်မနေလိုအပ်ပါတော့မယ်။

ဒါကြောင့်မို့ CM ကို အမြဲအားပေးတဲ့ ပရိသတ်တွေအတွက် တကယ်ကိုကောင်းတဲ့ Foundation ကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီ Foundation လေးကို Revlon ကနေထုတ်လုပ်ပေးထားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ revlon ကောင်တာတိုင်းမှာလည်း အလွယ်တကူ ဝယ်ယူလို့ရနိုင်တဲ့ ပစ္စည်းလေး ဖြစ်ပါတယ်။ ဒါကြောင့်မို့ နောက်အလွယ်တကူဝယ်မရမှာ ပစ္စည်းမဝင်တော့မှာမျိုးတွေကို စိုးရိမ်စရာမလိုတော့ပါဘူး။ Revlon ဆိုတဲ့အတွက်လည်း စိတ်ချယုံကြည်စွာ သုံးစွဲနိုင်တာကတော့ အားသာချက်တခုပေါ့။

ဒီ Colorstay Full Cover Foundation လေးဟာဆိုရင် ချွေးထွက်ရင်တောင် မိတ်ကပ်ပျက်မှာ ကွက်မှာတွေအတွက် စိုးရိမ်စရာမလိုပါဘူး။ Matte Type ဖြစ်တဲ့အတွက်ကြောင့်လည်း မျက်နှာလေးမှာ သိပ်သိပ်လေးနဲ့ ပေါ့ပေါ့ပါးပါးလေး ဖြစ်နေတာမျိုးကို ရရှိစေမှာဖြစ်ပါတယ်။ နောက်ထပ်အားရစရာတခုက ၂၄ နာရီကြာထိ မိတ်ကပ်ကခံတာကြောင့် တနေ့လုံး ရုံးသွားရ ကျောင်းတက်ရတဲ့ အမတွေ ညီမလေးတွေအတွက်လည်း အထူးသင့်တော်နေတာမျိုးပါ။ မိတ်ကပ်အရောင်အားဖြင့်လည်း ရွေးချယ်စရာအရမ်းများတာမို့ အသားရောင်အမျိုးမျိုးအတွက် စိတ်ပူစရာမလိုပါဘူးနော်။

ကဲ ဒါဆို မိတ်ကပ်တွေ လိမ်းထားရုံနဲ့ လှပနေတာမျိုး မဟုတ်ဘဲ တနေ့တာလုံး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေစေဖို့အတွက်ကိုပါ Revlon ရဲ့ Colorstay Full Cover Foundation လေးကို ရွေးချယ်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password