ဇင်ယော်တောင်မျက်ခုံးလေးလို ကွေးညွတ်လှပနေစေဖို့……………

ဘယ်သူပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်ကို စမြင်လိုက်တာနဲ့   မျက်နှာကိုတန်းကြည့်တတ်ကြပါတယ်။ 👧🏻 👩🏻  မျက်နှာကိုစတွေ့လိုက်တာနဲ့ အရင်ဆုံးမြင်နိုင်တာကတော့ မျက်လုံးမျက်ခုံးပါပဲ ။ 👩🏽‍💼  မျက်လုံးမလှရင်မျက်နှာအလှမပြည့်စုံနိုင်သလို မျက်ခုံးမလှရင်လည်း အလှအပတွေကို ချိုးဖဲ့ပျက်စီးနေနိုင်ပါတယ်။ 😖 😖 😖  ဒီတခါမှာတော့ Cosmetic Myanmar ကနေပျိုမဒီတို့ရဲ့မျက်ခုံးအလှလေးတွေ ပေါ်လွင်ထင်ရှားလှပနိုင်အောင် အထောက်အကူပြုပေးနိုင်မယ့် Revlon ကထုတ်လုပ်ထားတဲ့ Colorstay Pencil လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ 🤗 🤗 🤗

မျက်ခုံးမွှေးဆွဲရာမှာ ပျိုမဒီတို့ရဲ့မျက်နှာအသားအရေနဲ့ လိုက်ဖက်မယ့်အရောင်ကို ရွေးချယ်ဖို့လိုသလို မျက်ခုံးမွှေးတွေကို ပုံကျလှပအောင် ပုံသွင်းနိုင်ဖို့ကလည်း အရေးကြီးပါသေးပါတယ်။ 😍 😍 😍  ဒါကြောင့်သေသပ်လှပအောင်ပုံသွင်းယူရာမှာ ပျိုမဒီတို့ဟာ Brush တွေကိုအသုံးပြုတတ်ကြပါတယ်။ ဆေးသားကောင်းပေမယ့် စုတ်တံမကောင်းရင် လှပသေသပ်တဲ့ပန်းချီကား မရရှိနိုင်သလိုပါပဲ ဘယ်လောက်ကောင်းတဲ့ Eyebrow Pencil တွေကိုအသုံးပြုပေမယ့် ပုံဖော်ပေးမယ့် Brush မကောင်းရင်လည်း မျက်ခုံးအလှကိုပျက်စီးစေနိုင်ပါတယ်။ Revlon Colorstay Pencil လေးကတော့ အရောင်အသွေးလှပတဲ့ မျက်ခုံးမွှေးဆွဲခဲတံလေးပါဝင်သလို တစ်ဖက်မှာလည်းပုံသွင်းရလွယ်ကူပြီး အရည်အသွေးကောင်းမွန်တဲ့ Brush လေးပါရှိပါသေးပါတယ်။ 😘 😘 😘

Revlon Colorstay Pencil လေးဟာမျက်ခုံးမွှေးတစ်မွှေးချင်းစီကို သိုသိုသိပ်သိပ်လေးနဲ့ ပုံကျလှပစေဖို့အတွက် ပုံဖော်ရလွယ်ကူပြီး လိုချင်တဲ့ပုံစံကို ပုံသွင်းယူနိုင်လို့ ပျိုမဒီတို့ကိုစိတ်ကျေနပ်စေမှာပါ။ 😉 😉 😉  ပုံဖော်ထားတဲ့မျက်ခုံးမွှေးတွေကို ညီညာပြေပြစ်သွားစေဖို့ Brush လေးကညှိပေးမယ်ဆိုရင်တော့ ပိုမိုပြီးပြည့်စုံစွာနဲ့ သေသပ်လှပသွားစေနိုင်မှာပါ။ Revlon Colorstay Pencil လေးနဲ့ ပျိုမဒီတို့အသုံးပြုထားမယ်ဆိုရင် မျက်ခုံးအလှကိုတင့်တယ်လှပစေနိုင်ပြီး ဇင်ယော်တောင်မျက်ခုံးလေးလို ကွေးညွတ်လှပစေနိုင်မှာဖြစ်ပါတယ်။ 🤗 🤗 🤗  ဘေးမျက်နှာပြင်ပေါ်ကိုပျံ့မသွားစေဘဲ တစ်နေကုန်ကြာရှည်ခံစေပါတယ်။ အညိုနုနဲ့အညိုရင့်ဆိုပြီး အရောင်နှစ်မျိုးကိုထုတ်လုပ်ထားတာကြောင့် ပျိုမဒီတို့နဲ့သင့်တော်လိုက်ဖက်မယ့်အရောင်ကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 😚 😚 😚

 

 

Image Source : www.facebook.com/revlonmyanmar ,www.revlon.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password