Revlonကနေအသစ်မိတ်ဆက်ပေးလိုက်တဲ့ SALON 360 SURROUND STYLER

ပျိုတို့တွေဆံပင်လျှော်ပြီးလို့ ဆံပင်အခြောက်ခံတဲ့အခါမှာ hair dryer ကကိုယ်လိုချင်တဲ့ဆံပင်အပိုင်းကိုမရောက်တာမျိုး၊ ဆံပင်ကို hair salon တွေမှာလိုပုံသွင်းလို့မရတာမျိုးကြုံဖူးကြမှာပါ။ ဒါကြောင့် ပျိုတို့ရဲ့အခက်အခဲတွေကိုဖြေရှင်းပေးနိုင်မယ့် Revlon ရဲ့ Salon 360 Surround Styler ဆိုတဲ့ hair dryer လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီ dryerလေးက Revlon ရဲ့ Pro Collection ကနေ အသစ်မိတ်ဆက်ပေးလိုက်တဲ့ dryer လေးဖြစ်ပြီး ပုံမှန် hair dryer တွေထက် ၇၀ ရာခိုင်နှုန်းပိုပြီးတော့ ဆံသားတွေကိုခြောက်သွေ့စေဖို့ coverage ပေးနိုင်ပြီးတော့ ၆၀ရာခိုင်နှုန်း ပိုပြီးလျင်လျင်မြန်မြန်ခြောက်သွေ့စေနိုင်တယ်လို့ဆိုထားပါတယ်။

ဒီ dryer ရဲ့ထူးခြားချက်ကတော့ 360 လို့ဆိုထားတဲ့အတိုင်း ပုံမှန် dryerတွေလိုမဟုတ်ဘဲ ဆံပင်ကိုအတွင်းပိုင်းအထိအလွယ်တကူခြောက်သွေ့စေနိုင်အောင် dryer ခေါင်းကိုတီထွင်ပေးထားတာပါ။ အနီးစပ်ဆုံး ဥပမာပေးရရင်တော့ လက်အခြောက်ခံတဲ့စက်တွေထဲလက်ကိုထည့်ပီးအခြောက်ခံလို့ရသလိုပါပဲ ဒီ 360 hairdryers လေးထဲကိုလည်း ပျိုတို့ဆံပင်ကိုထည့်ပြီးအခြောက်ခံလို့ရပါတယ်။ ပြီးတော့ ဆံပင်ကိုလိုအပ်သလိုပုံသွင်းစေနိုင်မယ့် cold shotဆိုတဲ့လေအေးတွေမှုတ်ထုတ်နိုင်တဲ့ function လေးပါဝင်တာကြောင့် hair salon တွေကိုသွားစရာမလိုဘဲ အလွယ်တကူပုံသွင်းနိုင်စေပါတယ်။

Dryer ရဲ့အပူပေးတဲ့setting ကိုလည်း ၃မျိုးအထိပြောင်းနိုင်သလို speed ကိုလည်း ၂မျိုးအထိပြောင်းနိုင်ပါသေးတယ်။ ဒီ dryer ရဲ့စျေးနှုန်းကလည်း တစ်ခြား professional dryer တွေလောက်စျေးမကြီးဘဲ $59.99 သာရှိလို့ သူ့ရဲ့ function တွေကိုထည့်တွက်ရရင်တန်တယ်လို့ဆိုရမှာပါ။ ဒါကြောင့် အိမ်မှာပဲအလွယ်တကူ ဆံပင်ပုံသွင်းချင်တဲ့ပျိုတို့အတွက် ဒီ Revlon Salon 360 Surronding Styler လေးကိုမိတ်ဆက်ပေးလိုက်ရပါတယ်။

 

Image source : www.revlonhairtools.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password