Matte type ကိုကြိုက်ပေမယ့် နှုတ်ခမ်းသားလေးတွေ ခြောက်မှာစိုးရိမ်နေတဲ့ မဒီလေးတွေအတွက်

ပျိုမေတို့အတွက် နေ့စဉ်မရှိမဖြစ် Cosmetic တစ်ခုထဲက ပစ္စည်းဆိုရင်တော့ ဘယ်သူ့ကိုပဲမေးမေး နှုတ်ခမ်းနီလို့ပဲ ဖြေကြလိမ့်မယ်ထင်ပါတယ်။ ဒါကြောင့် ခုမိတ်ဆက်ပေးချင်တဲ့ Lipstick လေးကတော့ Revlon ရဲ့ Ultra HD Matte Lipcolor ဆိုတဲ့ နှုတ်ခမ်းနီအကြောင်းလေးပဲ ဖြစ်ပါတယ်။ ဒီ နှုတ်ခမ်းနီလေးကတော့ Matte type ကိုကြိုက်ပေမယ့် နှုတ်ခမ်းအရမ်းခြောက်တဲ့ Lipstick ကိုလည်း မဆိုးချင်ဘူးဆိုတဲ့ သူတွေအတွက် အရမ်းသင့်တော်တဲ့ ပစ္စည်းလေးတစ်မျိုးလည်း ဖြစ်ပါတယ်။

နှုတ်ခမ်းနီလေးအကြောင်းကတော့ အရောင် ၈မျိုး ရှိပါတယ်။ 635 HD Passion , 625 HD Love, 615 HD Temptation, 610 HD Addiction, 605 HD Obsession, 630 HD Seduction, 600 HD Devotion, 620 HD Flirtation ဆိုပြီး ရှိပါတယ်။

သူကတော့ Matte type ဆိုပေမဲ့ ဆိုးလိုက်တဲ့အချိန်မှာ ခြောက်ကပ်ကပ်ကြီး ဖြစ်မနေစေဘဲ စိုစိုလေးနဲ့ အရမ်းကို လှပပြီးဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းဖူးဖူးလေး တစ်စုံကိုပိုင်ဆိုင်ရမှာပါ။ Moisturizer ပါတဲ့အတွက် နှုတ်ခမ်းသားလေးတွေ ခြောက်သွားမှာလည်း ပူစရာမလိုပါဘူး။ တစ်ခုခုစားပြီးလို့ ပျက်သွားခဲ့ရင်လည်း ပြန်ဆိုးတဲ့အချိန်မှာ တခြားနှုတ်ခမ်းနီတွေလို ဆိုးရတာအဆင်မပြေတာမျိုးတွေ အထပ်ထပ်တွေဖြစ်ပြီး ကြည့်မကောင်းတာမျိုးတွေ မဖြစ်တဲ့အတွက် အရမ်းကို အဆင်ပြေပါတယ်။

ဒါကြောင့် Matte type ဆိုးချင်ပေမယ့် နှုတ်ခမ်းသားခြောက်မှာတော့ စိုးရိမ်နေတဲ့ မဒီလေးတွေအတွက် Revlon က Ultra HD Matte Lipcolor လေးတွေကို ရွေးချယ်ဖို့အကြံပေးချင်ပါတယ်။

 

Image Source : http://www.revlon.com 

https://www.facebook.com/RevlonMyanmar/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password