အဆီပြန်တတ်တဲ့ အသားရေပိုင်ရှင်တွေအတွက် Revlon ရဲ့ Color Stay Pressed Powder

တချို့ကောင်မလေးတွေ အဆီပြန်တတ်လို့ မိတ်ကပ်လိမ်းရတာ အင်မတန်မှ စိတ်ညစ်နေရပါတယ်။ ဘာသုံးသုံးအဆင်မပြေလို့ စိတ်ညစ်နေရတဲ့ သူတွေအတွက် အခုလမ်းညွှန်ပေးချင်တဲ့ product လေးကတော့ Revlon ကထုတ်တဲ့ Color Stay Pressed Powder လေးပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းလေးကတော့ ဘယ်လောက်အဆီပြန်တဲ့ အသားရေပဲဖြစ်ဖြစ် Oil free ဖြစ်တဲ့အတွက် အဆီပြန်တတ်တဲ့ အသားရေပိုင်ရှင်တွေလည်း သုံးလို့အဆင်ပြေတဲ့ Powder လေးဖြစ်ပါတယ်။

     

သူလေးကတော့ တခုတည်းသော Color stay Prssed Powder လေးပါ။ သူ့ကို လိမ်းလိုက်တဲ့အခါမှာ ခြောက်ခြောက်သွေ့သွေ့ကြီး ဖြစ်မနေစေပဲ တောက်ပပြီး ချောမွေ့လို့ သက်တောင့်သက်သာဖြစ်နေစေမှာပါ။ long lasting ဖြစ်လို့ ၁၆ နာရီထိ တာရှည်ခံပါတယ်။ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကိုလည်း ပိတ်ဆို့ခြင်းမရှိပါဘူး။ သူရဲ့ Color တွေကတော့ TRANSLUCENT, FAIR, LIGHT, LIGHT/MEDIUM, MEDIUM, MEDIUM DEEP ဆိုပြီး Color ၆ ရောင် ရှိပါတယ်။ မိမိကြိုက်နှစ်သက်တဲ့ အရောင်ကို ရွေးချယ်အသုံးပြုလို့ ရပါတယ်။ Flawless ဆိုတဲ့အတွက် မျက်နှာမှာရှိတဲ့ အရေးကြောင်းတွေကို တကူးတကဖုံးအုပ်ပေးစရာ မလိုတော့ပါဘူး။

      

သူ့ရဲ့ အသုံးပြုပုံကတော့ မိမိကြိုက်နှစ်သက်တဲ့ Foundation ပေါ်ကနေ အသာအယာလေး အဆင်ပြေသလို Brush လေးနဲ့ သုံးပေးလိုက်ရုံပါပဲ။  

 

Image Source : http://www.revlon.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password