နှုတ်ခမ်းသားအလှကို ပိုပြီး ပြည့်စုံစေမယ့် ROUGE DIOR Ink Lip Liner

ပြီးပြည့်စုံတဲ့အလှနဲ့ နှုတ်ခမ်းလေး တစ်စုံကို ပိုင်ဆိုင်ဖို့အတွက် ဆိုရင်တော့ နှုတ်ခမ်းလေး တစ်စုံကတော့ အသက်ဝင်နေမှ ဖြစ်မှာပါနော်။ ဒီလို ဖြစ်ဖို့အတွက်ဆိုရင် နှုတ်ခမ်းနီကို တိတိပပ ဆိုးတတ်ဖို့က အရေးပါလာပါတယ်။

ဖူးငုံနေတဲ့နှုတ်ခမ်းလေး တစ်စုံကို ဖန်တီးနိုင်ဖို့အတွက်ဆိုရင် နှုတ်ခမ်းနီကို သူ့အတိုင်းချည်း မဆိုးလိုက်ရပါဘူး။ နှုတ်ခမ်းဘေးသားလေးတွေကို ဖူးဖူးလေး ဖြစ်စေနိုင်မယ့် Lip Liner လေးရဲ့ အရေးပါပုံကို သိထားပေးမှ ဖြစ်မှာပါ။

Dior က ထုတ်လုပ်ထားတဲ့ ROUGE DIOR INK LIP LINER လေးကတော့ အကောင်းဆုံး Lip Liner တွေအထဲက တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ သူကတော့ Ink ပုံစံမျိုး ထုတ်လုပ်ထားပြီး ပုံစံကတော့ felt- pen အမျိုးအစားပါ။ Ink Pen အမျိုးအစားဖြစ်တာကြောင့် သယ်သွား သယ်လာရတာလည်း လွယ်ကူသလို တာရှည်ခံတဲ့အမျိုးအစားလည်းဖြစ်ပါတယ်။

အရောင်တွေ အနေနဲ့ကိုလည်း ရွေးချယ်စရာ အရောင်ပေါင်း ၁၂ ရောင် ရှိတာကြောင့် နှုတ်ခမ်းနီနဲ့ လိုက်ဖက်မယ့်အရောင်ကို စိတ်ကြိုက် ရွေးချယ်လိုက်လို့ ရပါတယ်။ ဒီ Lip Liner လေးကတော့ နှုတ်ခမ်းလိုင်းလေးတွေကို ပိုပြီး ထင်ရှား ပေါ်လွင်လာစေနိုင်စွမ်း ရှိတဲ့အတွက်မို့လို့ပါ။

အရင်ဆုံး နှုတ်ခမ်းနီကို မဆိုးခင် Lip Liner လေးကို အသုံးပြုပြီး နှုတ်ခမ်းသားလေးတွေကို လိုသလို ပုံဖော်ပါ။ အခုခေတ်က Fliter ခေတ်စားနေတဲ့အချိန် ဖြစ်တာကြောင့် Lip Liner ကို နှုတ်ခမ်းလှိုင်းလေးတွေထက် ပိုပြီးတော့ ချဲ့ဆိုးတတ်ပါတယ်။ ပြီးရင်တော့ နှုတ်ခမ်းနီကို ဆိုးပေးလိုက်ရုံပါပဲ။

တစ်ခု သတိပြုပေးရမှာက Liner မှာ ရွေးချယ်စရာ အရောင် ၁၂ ရောင် တောင်ရှိတာ ဖြစ်လို့ မိမိ ဆိုးမယ့် နှုတ်ခမ်းနီနဲ့ အရောင် တစ်ထပ်တည်းနီးပါး တူတာကို ရွေးချယ်ပါနော်။ မဟုတ်ရင် Liner က သပ်သပ်ကြီး ထင်းနေမှာ စိုးလို့ပါ။

ROUGE DIOR INK LIP LINER ကို အသုံးပြုပြီး အလှပဆုံး နှုတ်ခမ်းတစ်စုံကို ရယူလိုက်နိုင်ဖို့ ပြောပြပေးလိုက်ရပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password