နှုတ်ခမ်းနှစ်လွှာကို ဆေးရောင်လှလှချယ်ဖို့အတွက် The Saem ရဲ့ Lip Paint series

နှုတ်ခမ်းနီကြိုက်တဲ့ပျိုလေးတို့အတွက် ဒီတစ်ခေါက်မှာ မိတ်ဆက်ပေးချင်တဲ့ ပစ္စည်းလေးကတော့ The Saemရဲ့ Lip Paint seriesလေးပဲဖြစ်ပါတယ်။ ဒီ Lip Paint series လေးက နာမည်အတိုင်း ဆေးသုတ်ဘူးပုံစံလေးလုပ်ထားတာကြောင့် ချစ်စရာကောင်းတာတော့ အမှန်ပါ။

ဒီ ချစ်စရာကောင်းတဲ့ Lip Paintလေးက matte type, liquid lipstick လေးဖြစ်ပြီး ကိုရီးယား lipstickတို့ရဲ့ ထုံးစံအတိုင်း tintပါဝင်တာကိုလည်းတွေ့ရပါတယ်။ Lip paint seriesမှာ အရောင်အနေနဲ့ ၁၀ရောင်ရှိပါတယ်။ ဒီအရောင် ၁၀မျိုးကတော့-

၁။ Crimson Red

၂။ Fiery Red

၃။ Winsor Orange

၄။ Rose Madder

၅။ Mauveglow

၆။ Peach Amber

၇။ Ash Rose

၈။ Burnt Red

၉။ Prism Pink နဲ့

၁၀။ Chilli Papperတို့ပဲဖြစ်ပါတယ်။ Nudeဆန်ဆန်ကာလာလေးတွေကနေအစ ပန်းနုရောင်လေးတွေအလယ်၊ အနီတောက်တောက်အဆုံးရှိတာကြောင့် ပျိုလေးတို့အကြိုက်ရွေးချယ်လို့ရပါတယ်။

ဒီ Lip Paintလေးတွေရဲ့ အားသာချက်ကို ပြောပြရမယ်ဆိုရင်တော့ အရောင်ထွက်အထူးကောင်းမွန်ပြီး matteဖြစ်ပေမယ့် နှုတ်ခမ်းသားကို အရမ်းကြီး ခြောက်သွေ့မသွားစေတာပါ။ အကယ်၍များ ပျိုလေးတို့ရဲ့နှုတ်ခမ်းက ခြောက်သွေ့လွယ်တဲ့ typeဆိုရင်တော့ lip balmလေးနဲ့တွဲဆိုးမယ်ဆိုရင် အဆင်ပြေမှာပါ။  အရောင်ထွက်အားအရမ်းကောင်းတဲ့အပြင် အရောင်ဆွဲအားလည်းကောင်းတာကိုတွေ့ရပါတယ်။ နှုတ်ခမ်းနီတို့ထုံးစံအတိုင်း တစ်ခုခုစားသောက်လိုက်လို့ ပေသွားရင်တောင်မှ နှုတ်ခမ်းမှာ မူလအရောင်အတိုင်းကျန်နေတာကိုတွေ့ရမှာပါ။ ဒီ lip paintလေးမှာ သတိထားရမှာကတော့ အရောင်ဆွဲအားကောင်းတာမို့ နှုတ်ခမ်းနီဆိုးပြီးခါစ အချိန်မှာ သွားနဲမထိမိအောင်သတိထားရမှာပါ၊ မဟုတ်ရင်တော့ သွားမှာမတော်တဆပေသွားနိုင်ခြေများလို့ပါပဲ။

ဒီချစ်စရာကောင်းတဲ့ ဆေးသုတ်ဘူးလေးနဲ့ ပျိုတို့တွေရဲ့နှုတ်ခမ်းနှစ်လွှာကိုသာမက ပါးပြင်ကိုပါ ချယ်သနိုင်သေးတယ်ဆိုတာလေးကိုပါ လက်တို့ပေးရင်း နိဂုန်းချုပ်လိုက်ပါတယ်နော်။

 

 

 

 

References :  www.thesaemcosmetic.com

Photo references : www.thesaemcosmetic.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password