တစ်ကယ့်ချိုချဉ်လေးတွေအလား ထင်မှားရမယ့် The Saemရဲ့ Saemmul Mousse Candy Tint Series

Korean Cosmetic လေးတွေရဲ့ အားသာချက်တစ်ခုကို ပြပါဆိုရင် သူတို့ရဲ့ ချစ်စရာကောင်းပြီးဆန်းသစ်တဲ့ packaging design idea လေးတွေကို ပြရမှာအမှန်ပါ။ အခုဖော်ပြပေးမယ့် The Saem ရဲ့ Saemmul Mousse Candy Tint လေးကလည်း ဒီလို packaging လှလှလေးနဲ့ဖြစ်တာကြောင့် quality ကောင်းကောင်းနဲ့ cute design ကိုရီးယား cosmetic တွေကိုကြိုက်တဲ့ပျိုလေးတွေအကြိုက်တွေ့မှာပါ။

ဒီ Saemmul Mousse Candy Tint လေးတွေက နာမည်လေးအတိုင်း သကြားလုံးပုံစံ ပန်းရောင်ဘူးလေးတွေနဲ့လာတာကြောင့် တစ်ကယ့်ကိုချစ်ဖို့ကောင်းပါတယ်။ ဘူးလေးတွေရဲ့ အရွယ်အစားကလည်း တစ်ကယ့်သကြားလုံးအရွယ်သာသာလေးတွေထက် နည်းနည်းပဲကြီးတာမို့ အိတ်ထဲကိုလည်းအလွယ်တကူဆောင်သွားလို့ရပါတယ်။ ပြီးတော့ ဘူးပေါ်မှာ shade နဲ့နာမည်ကိုပါဖော်ပြထားတာကြောင့် ကိုယ်လိုချင်တဲ့အရောင်ကို အလွယ်တကူသိရှိစေနိုင်ပါတယ်။

ဒီ Mousse Candy Tint လေးတွေမှာ စုစုပေါင်းအရောင်၁၃မျိုးရှိပါတယ်။ ဒီအရောင်တစ်ခုချင်းကိုလည်း တစ်ကယ့် candy အရသာဆန်ဆန်လေးတွေပေးထားတာကိုလည်းတွေ့ရမှာပါ။ ဒီအရောင်၁၃မျိုးကတော့

၁။ ပန်းရောင်ရင့်ရင့် Strawberry Cheese Mousse

၂။ အညိုရောင်ဆန်ဆန် Peanut Mousse

၃။ အသားရောင်ဘက်သွားတဲ့ Apricot Mousse

၄။ နီညိုရောင် Dark Cherry Mousse

၅။ ခရမ်းရောင်ဘက်သွားတဲ့ Chaitea Mousse

၆။ လိမ္မော်ရောင်တောက်တောက် Carrot Mousse

၇။ ပန်းခရမ်းရောင် Yogurtberry Mousse

၈။ လိမ္မော်ရောင်သန်းတဲ့  Peach Mousse

၉။ ပန်းဆီရောင်ဆန်တဲ့ Strawberry Mousseနဲ့

၁၀။ အနီရောင်တောက်တောက် Red Mango Mousse တို့ပဲဖြစ်ပြီး နောက်ဆုံးအသစ်ထွက်တဲ့ ၃ခုကတော့ Tomato Mousse, Apple Mousseနဲ့ Rasberry Mousse တို့ ဖြစ်ပါတယ်။

ဒီ Mousse tint လေးတွေက ဆိုးပြီးသွားရင် အချိန်ကြာကြာ အရောင်စွဲနေပြီး mousse tint လို့ဆိုတဲ့အတိုင်း နူးညံ့တဲ့ textureရှိပြီး နှုတ်ခမ်းသားလေးတွေကို ရွှန်းရွှန်းစိုစိုလေးလည်းဖြစ်နေစေပါတယ်။ Candy series လေးတွေဖြစ်လို့ fruity scent လေးတွေရှိတာကြောင့် ပျိုတို့ရဲ့အိတ်ထဲမှာဆောင်ထားသင့်တဲ့ tint လေးတစ်ခုအဖြစ်ဖော်ပြရင်းနဲ့ ဒီ tint လေးတွေကို The Saem ရဲ့ official site နဲ့ The Saem outlets တွေမှာ ဝယ်လို့ရပါတယ်လို့ သတင်းပေးလိုက်ရပါတယ်နော်။

 

 

 

References : ittleporcelainprincess.blogspot.com

www.thesaemcosmetic.com

Photo references : www.thesaemcosmetic.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password