စိုင်းစိုင်းတို့ကတော့ လုပ်ချလိုက်ပြန်ပြီ၊ Mask ကပ်ရင်း သူ့သီချင်းလေးတွေနားထောင်ပါတဲ့

SAI Cosmetix နဲ့ စိုင်းစိုင်းကတော့ အသစ်အဆန်းတစ်ခုကို စတင်လိုက်ပါပြီ၊ အဲဒါကဘာလည်းဆိုတော့ စိုင်းစိုင်းရဲ့ပရိသတ်တွေအနေနဲ့ အသားအရေကိုလည်းထိန်းသိမ်းရင်း စိုင်းစိုင်းရဲ့သီချင်းလေးတွေကိုပါ နားထောင်နိုင်မယ့် face mask လေးတွေပါ။

ဒီ face mask လေးတွေကို အရင် Sai Cosmetix တွေလိုပဲ ကိုရီးယားနိုင်ငံမှာထုတ်လုပ်တာဖြစ်ပြီး အရည်အသွေးပိုင်းကိုလည်း ကိုရီးယားက ဓါတ်ခွဲခန်းတွေမှာရော ဒီက စိုင်းစိုင်းတို့ကိုယ်တိုင် စမ်းသပ်သုံးစွဲပြီးမှ ဖြန့်ချိတာဆိုတော့ အရည်အသွေးမကောင်းမှာတော့ပူစရာမလိုတော့ပါဘူး။ Packaging ကလည်း အရောင်နုနုလေးတွေနဲ့ ထုတ်ထားတာကိုတွေ့ရပြီး အထုပ်ရဲ့အနောက်မှာတော့ QR Code လေးတွေပါပါတယ်။ ဒီ QR Code ကို phone နဲ့ scan ဖတ်ပြီးရင် စိုင်းစိုင်းရဲ့ သီချင်းလေးတွေကိုနားထောင်လို့ရမှာမို့ အရမ်းကိုမိုက်တယ်နော်။

Face Mask လေးတွေက အမျိုးအစား ၅မျိုးရှိပါတယ်။ ဘာအမျိုးအစားတွေလဲဆိုတော့-

၁။ ရေဓါတ်ကိုဖြည့်ပေးတဲ့ Hydrating

၂။ ချွေးပေါက်တွေကျဉ်းဖို့အတွက် Pore Reduction

၃။ နုပျိုစေဖို့ Anti Aging

၄။ Sensitive skin တွေအတွက် Soothing နဲ့

၅။ အသားလေးဖြူဝင်းစေဖို့ Whitening တို့ပဲဖြစ်ပါတယ်။

အသုံးပြုပုံကတော့ မျက်နှာသစ်ပြီးတဲ့အခါ ဒီ mask လေးကိုကပ်လိုက်ရုံပါပဲ။ ပြီးရင် QR Code လေး scan လုပ်ပြီး စိုင်းစိုင်းရဲ့သီချင်းလေးတွေနားထောင်၊ မိနစ် ၂၀လောက်နေရင် ခွာချလိုက်တာနဲ့တင် အသားအရေလေးပိုမိုလှပလာစေမှာမို့ လုံးဝကိုကြွေနေပါပြီနော်။

ဒီ mask လေးတွေကို launch event အနေနဲ့  January 13 ရက်နေ့မှာ Junction City မှာ စိုင်းစိုင်းပရိသတ်ကြီးတွေနဲ့အတူ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

references : www.facebook.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password