SAI Cosmetix ရဲ့ Kiss Proof Lipstick လေးတွေဝယ်ပြီး စမ်းကြည့်ပြီးကြပြီလား ချစ်တို့…

ရှော်တီလေးတွေ အသည်းစွဲ ဉီးဉီးစိုင်းစိုင်းရဲ့ SAI COSMETIX ကတော့ ရပ်တည်လာတဲ့သက်တမ်း ၁နှစ်တင်းတင်းပြည့်တဲ့နေ့မှာ နမ်းရင်မပျက်ဘူးဆိုပြီး Kiss Proof  ဖြစ်တဲ့နှုတ်ခမ်းနီလေးတွေ အသစ်ထွက်ရှိလာပါတယ်။ ဒီနှုတ်ခမ်းနီလေးတွေကို Fan Meeting မတိုင်ခင်ကတည်းက ၁နှစ်သား SAI Cosmetix က စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ အခုတော့ စျေးကွက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့်ဝယ်လို့ ရနိုင်တော့မှာမို့လို့ အားလုံးက Kiss Proof ဖြစ်တယ်ဆိုတဲ့ ဒီနှုတ်ခမ်းနီလေးတွေကို Review များစွာနဲ့အတူ ရင်ခုန်စွာစောင့်မျှော်နေကြတယ်ဆိုတာတော့ မငြင်းလောက်ပါဘူးနော်။ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး ဝယ်လို့ရပြီဆိုတော့ ခုချိန်ဆို Review တွေကိုလည်း လူတော်တော်များများ သိနေကြလောက်ပြီလို့ ထင်ပါတယ်ကွယ်။

     

     

ခုထွက်ရှိလာတဲ့ နှုတ်ခမ်းနီအသစ်လေးတွေကတော့ အရင်ထွက်ဖူးခဲ့တဲ့ နှုတ်ခမ်းနီလေးတွေနဲ့ Formula ရော Packaging ရော မတူတော့တာကြောင့် Review ကောင်းကောင်းလေးတွေကိုလည်း News feed မှာ တက်တက်လာတာကို တွေ့နေရပါတယ်။ အခုဟာလေးတွေက အရင်နှုတ်ခမ်းနီလေးတွေလို Soft Matte မဟုတ်တော့ဘဲ Ultra Matte ဖြစ်တာကြောင့် ဘာစားစားမပျက်နိုင်ဘူးနော်။ အရင်ထွက်ဖူးထားတဲ့ SAI Lipstick လေးတွေရဲ့ အားသာချက်ကတော့ ပျက်သွားလို့ ပြန်ဆိုးရင်တောင် အထစ်ထစ်ကြီးတွေမဖြစ်ဘဲ ကြည့်လို့ကောင်းပြီး နှုတ်ခမ်းသားကို comfortable ဖြစ်နေမှာပါ။ အခုဆိုအဲ့ဒါထက်ပိုကောင်းပြီပေါ့နော်။ texture ကတော့ ၂ထပ်လောက်ဆိုးပေးလိုက်တာနဲ့ သူ့အရောင်အမှန်အတိုင်း တစ်ထပ်တည်းရတယ်ဆိုပြီး Recommend ပေးထားကြပါတယ်။ Kiss Proof ဖြစ်အောင်ထုတ်လုပ်ထားတဲ့အတွက် တော်ရုံနမ်းတာလောက်နဲ့တော့ မပျက်နိုင်ပါဘူး (ချစ်သူနဲ့အရမ်းကြီးနမ်းရင်တော့ အာမခံဘူးနော်တဲ့) 😛

HONEYMOON, KISS IN THE DARK, TOUCH ME & PURE LUV ဆိုပြီးအရောင်ကတော့ ၄ရောင်ထွက်ပါတယ်။ နာမည်လေးတွေကအစ ချစ်စရာကောင်းအောင် ရင်ခုန်အောင် ပေးတတ်လိုက်တာနော်။

HONEYMOON – Honeymoon လေးကိုဆိုးပြီး ချစ်ခြင်းနဲ့ ပျော်ရွှင်ခြင်းကို တစ်ပြိုင်တည်းပိုင်ဆိုင်နိုင်တယ်နော်။

KISS IN THE DARK – စိတ်ခံစားချက်ပေါ်အခြေခံပြီး ဆိုးလိုက်တာနဲ့ စိတ်လှုပ်ရှားမှုတွေပြည့်နှက်ကာ လွတ်လပ်ခြင်းနဲ့ ရဲရင့်စွန့်စားခြင်းကို တစ်ထပ်တည်းကျစေတဲ့ ခံစားမှုကို ရရှိစေမှာပါတဲ့။

TOUCH ME – နူးညံ့သိမ့်မွေ့တဲ့ နှုတ်ခမ်းသားလေးကြောင့် ချစ်ရသူနဲ့အတူ ချိုမြိန်တဲ့အနမ်းလေးတွေ ဖန်းဆင်းပြီး စွဲမက်ဖွယ်နှုတ်ခမ်းလေးတစ်စုံကို အချစ်ဆုံးအတွက် ဖန်တီးပေးလိုက်လို့ ရပြီပေါ့ကွယ်။

PURE LVU –  သူ့ရဲ့အရောင်လေးကတော့ ဖြူစင်ရိုးသားမှုနဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားပြီး စစ်မှန်တဲ့ချစ်ခြင်းနဲ့ ဖြူစင်တဲ့ချစ်ခြင်းကို တစ်ထပ်တည်းကျတဲ့ ခံစားမှုကိုရရှိစေမှာပါတဲ့နော်။

ဝယ်ပြီးတဲ့သူရှိရင်လည်း Comment လေးတွေနဲ့ ပြောခဲ့ဦးနော်။

ဒီပစ္စည်းလေးရဲ့ စျေးနှုန်းကို သိချင်တယ်ဆိုရင်သော အောက်က Link လေးမှာ ဝင်လေ့လာလို့ ရပါတယ်။

https://cosmeticmyanmar.com/sai-ultra-matte-lipstick/

 

Image Source : https://www.facebook.com/pg/SAIcosmetix/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password