အသားရေကို သိသိသာသာကြည်လာစေမယ့် scrub ယိုစုံဘူးလေးတွေ

ယိုစုံလေးတွေ စားကြမယ် အဲ မဟုတ်ပါဘူး ဝယ်ကြမယ်။ ခုကောင်မလေးတွေပြောပြောနေကြတာက အသားဖြူချင်တာထက် အသားကြည်ချင်တာ မိတ်ကပ်မလိမ်းပဲလှချင်ကြတော အဲ့ဒါကပြောရရင် လွယ်မယောင်နဲ့ခက်တာနော်။ အသားဖြူဖို့က မိတ်ကပ်နဲ့ဖုံးလိုက်ရင်ရသေးတယ်။ အသားလေးကြည်ပြီးသဘာဝအတိုင်းလှဖို့ဆိုတာတော့ တော်တော်ကိုထိန်းသိမ်းရပြီးတော့ ဂရုစိုက်ရပါတယ်။ ပစ္စည်းကောင်းလေးတွေလည်း သုံးရတာပေါ့နော်။ အဲ့ထဲကမှ scrub ဆိုတာလေးကလည်း မလိုဘူးလို့ထင်ကြပေမယ့်လိုကိုလိုအပ်တာလေးကို ပြောပြပေးလိုက်ပါတယ်နော်။ ပြီးတော့ ပစ္စည်းကောင်းလေးလည်းရှိလို့။

မျက်နှာမှာဆိုနေ့တိုင်း product ပေါင်းစုံ တင်ကြတယ် အပြင်တွေသွားကြတယ် ဖုန်တွေ လေထုတွေက မကောင်းတဲ့အတွက်ကြောင့် မျက်နှာကညစ်နွမ်းလာပြီးတော့ ဘာလိမ်းလိမ်းထိရောက်တော့မှာမဟုတ်ပါဘူးနော်။ အဲ့တော့ စိတ်ညစ်ရတာပေါ့။ ကိုယ်ကသိသာချင်လို့ result တစ်ခုရချင်လို့ ဝယ်လိမ်းတာလေ။ မသိသာတော့ဘာလုပ်မှာလဲနော်။ မသိပဲနဲ့ ကျော်သွားကြတဲ့လျှို့ဝှက်ချက်လေးကတော့ ဘာမှမဟုတ်ပါဘူး။ ဆဲလ်သေတွေကို မခွာချပေးလို့ပါပဲ။

ခန္ဓာကိုယ်တောင်မှ ရေချိုးရင်ပွတ်တိုက်တာတို့ ကြေးမတွန်းတာတို့ လုပ်ရင် အသားရေကညစ်နွမ်းပြီး မစိုပြေတော့ဘူးလေ။ ဟုတ်တယ်မလား? အဲ့လိုပဲမျက်နှာလေးကို လည်းပုံမှန်လေး ကြေးချွတ်ပေးမှအသားရေလေးကကြည်လင်ပြီး လိမ်းသမျှကလည်း ထိရောက် အဆင်ပြေလှပမှာပေါ့။

အခု ပစ္စည်းကောင်းလေးပြောရမယ့်အလှည့်ကို ရောက်လာပြီပေါ့နော်။ ဘာလေးတွေလဲဆိုတော့ အရောင်အသွေးစုံလှတဲ့ scrub ဘူးလေးတွေပါ။  Scrub လို့ပြောလိုက်ရင် ကြမ်းကြမ်းကြီးတိုက်ရမယ့်အမှုန့်လိုထင်မှာပေါ့နော်။ အဲ့ဒါဆိုရင် မှားသွားပါပြီနော်။ သူလေးက Jam လိုမျိုးအသားပေါ်တင်လိုက်တာနဲ့ ပျော့ပျော့တွဲတွဲလေးလို ဖြစ်နေတာဆိုတော့ အဆင်ပြေတယ်လေ။  Beauty Buffet Brand လေးက ထုတ်ထားတာပါနော်။ အဲ့ brand လေးကနောက်ဝင်လာတဲ့ brand လေးတွေထဲမှာ ရေပန်းအစားဆုံးပါ။

 

အမျိုးအစားက ၄ မျိုးထုတ်ထားပါတယ်။

🍋Lemon Berry Jam ( Brightening)

🍅Tomato Jam ( Anti-aging)

🍍Pineapple Jam ( Peeling)

🍇Riceberry Cream  ဆိုပြီး အနံ့အရောင်အာနိသင်တွေနဲ့ထုတ်ထားပါတယ်နော်။

🍋Lemon Berry Jam 

အသားရေမွဲခြောက်နေသူတွေ နေလောင်ထိထားတဲ့သူတွေ အသားရေကြည်လင်ချင်သူလေးတွေ စိုပြေချင်သူလေးတွေ သုံးပေးရမှာပါ။ သံပုရာသီးနဲ့ ဘယ်ရီသီးပေါင်းစပ်ထားလို့ အနံ့လေးကတော့ စူးစူးလေးပေါ့နော်။

 

🍅Tomato Jam

အသက်လတ်ပိုင်းနဲ့အသက်ကြီးပိုင်းအသားရေတွေ သုံးပေးသင့်ပြီးတော့ အသားရေခြောက်သွေ့လွန်းသူတွေ အသားရေကြမ်းတမ်းပြီး နူးညံ့ချင်သူတွေ သုံးပေးလို့ရပါတယ်။

🍍Pineapple Jam

အမာရွတ်လေးတွေ, အကြောပြတ်ရာရှိသူတွေ, အသားဖြူချင်သူလေးတွေ အသားရေကြမ်းတမ်းလွန်းလို့ အချိန်ခဏလေးနဲ့ ချောမွေ့ချင်သူတွေ အတွက်ရည်ရွယ်ပါတယ်နော်။

🍇Riceberry Cream 

Riceberry လေးကို အသုံးပြုမယ်ဆိုရင်တော့ဆန်နှင့် သစ်စေ့လေးတွေပါ၀င်တာ ဖြစ်တဲ့အတွက် အရေပြားကို နူးညံ့စေပါတယ်။ အရေပြားထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ ချွေးပေါက်ကို သန့်စင်ပေးပါတယ်။ Omega – 3 နှင့် Anthocyanin ပါ၀င်တာကြောင့် အရေးအကြောင်းတွေကို လျော့နည်းစေပြီး သဘာ၀အတိုင်း လင်းလက်စိုပြေစေပါတယ်။

၄ မျိုးလုံးကတော့ သုံးရတာအဆင်ပြေပါတယ်။ ပါဝင်တဲ့အစေ့လေးတွေက ပါးပါးလေးနဲ့သေးသေးလေးတွေဖြစ်လို့ ပွတ်တိုက်တဲ့အခါအသားရေကို မနာကျင်စေပါဘူးနော်။ နေ့တိုင်းလည်း အသုံးပြုလို့ရတယ်ဆိုတော့ အိုကေပဲလေ။ ဆပ်ပြာပါဝင်ပြီးသားဖြစ်လို့ ဆပ်ပြာသပ်သပ်ထပ်သုံးစရာမလိုတော့ပါဘူးနော်။ အမြှုပ်တော့ အရမ်းမထွက်ပါဘူး။ အသီးတွေနဲ့လုပ်ထားလို့ စိတ်ချရပြီး အသားရေကို ပျက်စီးစေတာမျိုး မဖြစ်ပါဘူးနော်။

 

လက်လေးထဲကို နည်းနည်းလေးထည့်ပြီး စက်ဝိုင်းပုံလေး ခန္ဓာကိုယ်အနှံ့ပွတ်တိုက်ပေးမယ်ဆိုရင်တော့  ဆဲလ်သေလေးတွေ ဝေးဝေးပြေးပြီး အသားလေးကလည်း ကြည်လင်ဝင်းပလာမှာအသေအချာပါပဲနော်။ Lotion လိမ်းရင်လည်း အသားထဲကိုစိမ့်ဝင်တာမြန်လို့ အာနိသင်လည်း ပိုကောင်းလာမှာနော်။

ကဲ စျေးနှုန်းကတော့ တစ်ဘူးကို 9900 နဲ့ Beauty Buffet ကောင်တာတိုင်းမှာဝယ်ယူရရှိနိုင်ပါတယ်နော်။ သိသာတဲ့ result လေးကိုလိုချင်ရင်တော့ နေ့တိုင်းလေးသုံးပေးပေါ့နော်။ ပြီးရင်တော့ lotion လေးပါထပ်လိမ်းပေးလိုက်ရင်တော့ထိရက်စရာတောင် မရှိတဲ့ အသားရေလေးကို ပိုင်ဆိုင်ရပြီပေါ့နော်။

Image Source: Beauty Buffet Myanmar

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password