Mask ချစ်သူတွေ စမ်းသုံးကြည့်သင့်တဲ့ SEPHORA ရဲ့ Rubber Mask

Mask တွေ ဘာကြောင့် ခေတ်စားလာတာလဲ။ အသားအရည်ဂရုစိုက်တဲ့ ယနေ့အချိန်မှာ mask တွေဟာ မရှိမဖြစ် လိုအပ်လာပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်စေဖို့၊ အသားအရည် အာဟာရတွေ ရရှိစေဖို့၊ အဆီတွေ စုပ်ယူနိုင်ဖို့နဲ့ ဝက်ခြံ၊တင်းတိတ်တွေ ပျောက်ကင်းဖို့အတွက် mask တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။  Mask အမျိုးမျိုးရှိပါတယ်။ ကပ်ခွာ၊ clay, sugar, gel, cream type စတာတွေအပြင် အခုနောက်ပိုင်း ခေတ်စားလာတာကတော့ rubber mask တွေဖြစ်ပါတယ်။

ဒီလိုမျိုးတွေထဲကမှ ဈေးနှုန်းသက်သာပြီး စိတ်ချရတဲ့ Rubber Mask တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ SEPHORA ကထုတ်တဲ့ Rubber Mask လေးဘဲ ဖြစ်ပါတယ်။ ဒီ Rubber Mask ကို အနံ့သုံးမျိုးနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး အုန်းသီး၊ goji နဲ့ ကီဝီသီးဆိုပြီး အနံ့သုံးမျိုးကို ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ သုံးမျိုးစလုံး အသားအရည်ပေါ် သက်ရောက်တာချင်း အတူတူပါပဲနော်။ သာမန်အသားအရည်၊ ခြောက်သွေ့အသားအရည်၊ အဆီပြန်တဲ့အသားအရည်နဲ့ ပေါင်းစပ်အသားအရည်ဆိုပြီး အသားအရည် ၄မျိုးစလုံး အသုံးပြုနိုင်ပါတယ်။

  

  

အသားအရည်ခြောက်သွေ့နေပြီး အရောင်မှေးမှိန်နေတာ ဒါမှမဟုတ် အစိုဓါတ် နည်းနေတဲ့ အသားအရည်ပိုင်ရှင်တွေ အသုံပြုသင့်ပါတယ်။ ဒီ Rubber Mask မှာ အုန်းရည်ကို အဓိကထား ထုတ်လုပ်ထားတာကြောင့် ခြောက်သွေ့နေတဲ့ အသားအရည်ကို အစိုဓါတ်ပြန်လည်ဖြည့်ဆည်းပေးပါတယ်။

အသုံးပြုပုံလေးကတော့ ဒီ Rubber အမှုန့်ကို ရေအနည်းငယ်ရောပြီး မျက်နှာအနှံ့သုတ်လိမ်းထားပြီး ၅ မိနစ်ခန့်ထားပါ။ ၅ မိနစ်ပြည့်တဲ့အခါ ရေဆေးချပါ။ မျက်လုံးတဝိုက်ကို ရှောင်ရှားပေးရပါမယ်။ တစ်ပတ် နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်လောက် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ အသားအရည် စိုစွတ်နေစေပြီး ချောမွေ့စေပါတယ်။

ပြီးတော့ ဒီ Mask လေးတွေကို တစ်ပတ်နှစ်ကြိမ် ပုံမှန်အသုံးပြုပေးလို့ရပါတယ်။ Clay , suger, rubber, cream type စတဲ့ Mask အမျိုးအစားတွေကိုတော့ တစ်ပတ်နှစ်ကြိမ် အသုံးပြုပေးရင် လုံလောက်ပါပြီနော်။ ကပ်ခွာလို့ခေါ်တဲ့ sheet mask တွေကိုတော့ နေ့တိုင်း အသုံးပြုပေးလို့ရပါတယ်။ တချို့ Mask တွေဆိုရင်တော့ 7 days ဆိုပြီး ခုနစ်ရက် အစဉ်လိုက် သုံးပေးရတာမျိုးတွေလည်း ရှိပါတယ်။

ပျိုမေတို့ရေ အသားအရည် ကျန်းမာနေဖို့အတွက် Mask တွေကို အပတ်တိုင်း မပျင်းမရိ မှန်မှန်အသုံးပြုပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Ref: https://www.sephora.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password